ကိုဗစ်-၁၉ ကူးစက်မှုများ ဆက်လက်များပြားနေပါက မနိုင်မနင်းဖြစ်လာနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးပြောကြား

(၂၀၂၀) ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ COVID-19 ကုသရေးဌာနများ၏ စီမံခန့်ခွဲအုပ်ချုပ်မှု တာဝန်ခံဆရာဝန်ကြီးများနှင့် ပြည်ထောင်စုဝန်ကြီး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ကျန်းမာရေးနှင့်အားကားကစားဝန်ကြီးဌာန သတင်းစာမျက်နှာဖော်ပြချက်များအရသိရသည်။အဆိုပါသတင်းဖော်ပြချက်များတွင် COVID-19 ကူးစက်မှုများ ဆက်လက်များပြားနေပါက မနိုင်မနင်းဖြစ်လာမည့် အချက်နှင့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ငဲ့ညှာသောအားဖြင့် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID-19 ကာကွယ်ရေးစည်းကမ်းများကို အလေးထားလိုက်နာပေးကြရန် ကျန်းမာရေးဝန်ကြီးပြောကြားခဲ့ကြောင်း ဖော်ပြပါရှိသည်။ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ...

ခင်ပွန်းဖြစ်သူကို ဓါးဖြင့်ခုတ်ပြီး ဇနီးဖြစ်သူကို ဓါထောက် သားမယားပြုကျင့်ပြီး ဖုန်းလုတဲ့ လူနှစ်ဦးကိုဖမ်းဆီးရမိ

ခင်ပွန်းဖြစ်သူကို ဓါးဖြင့်ခုတ်ပြီး ဇနီးဖြစ်သူကို ဓါထောက် သားမယားပြုကျင့်ပြီး ဖုန်းလုတဲ့ လူနှစ်ဦးကိုဖမ်းဆီးရမိရွှေပြည်သာမြို့နယ်တွင် အတင်းအဓမ္မခေါ်ဆောင်ပြီး သားမယားပြုကျင့်ကာ ဖုန်းလုယက်သူ (၂)ဦးကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ သတင်းစာမျက်နှာတွင်ဖော်ပြထားသည်။ဖြစ်စဉ်မှာ ၇.၁၂.၂၀၂၀ ရက်နေ့ ၂၀၃၀ အချိန်တွင် ရွှေပြည်သာမြို့နယ်၊ (၁၇/ဒ)ရပ်ကွက်၊ အပိုင်း(၅)၊ ရှင်စောပုလမ်းနေ တရားလို မ----သည် ဝါးတရာစက်မှုဇုန်၊ ဝါးတရာပရီမီယာအထပ်သား စက်ရုံမှ အလုပ်ဆင်းပြီး ခင်ပွန်းဖြစ်သူနှင့်အတူ စက်ဘီးစီး၍ပြန်လာစဉ် အမည်မသိအမျိုးသား(၂)ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး...

ဘုန်းကြီးကျောင်းများမှ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် ခိုးယူရောင်းချသူများအား အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီ

ဘုန်းကြီးကျောင်းများမှ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် ခိုးယူရောင်းချသူများအား အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီဒီဇင်ဘာ(၄) AlinnMyay(အလင်းမြေ)မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်နှင့် တံတားဦးမြို့နယ်များရှိ ကျေးရွာ ဘုန်းကြီးကျောင်းများမှ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် ခိုးယူရောင်းချသူများအား တိုင်းမှုခင်းအကူဌာနစိတ်မှ အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။(သတင်းဖော်ပြချက်အပြည့်အစုံ) ၁။ ၁၄-၁၁-၂၀၂၀ ရက်နေ့ (၁၄၀၀)အချိန်ခန့်တွင် ကျပ်ပြင် ကျေးရွာ၊ သိပ္ပမဥ္ဇူကျောင်းဝန်း အတွင်းရှိ သီးခြားဂန္ဓကုဋိတိုက်အတွင်း ကိုးကွယ်ထားရှိသော လွန်ခဲ့သောနှစ်ပေါင်း(၁၅၀)ခန့်က တည်ထား ကိုးကွယ်သော ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်(၈)ဆူ ပျောက်ဆုံးသွားသဖြင့် စုံစမ်းဖော်ထုတ် အရေးယူ ပေးပါရန်...

မန္တလေးတိုင်းဒေသကြီးအတွင်း ယခုဘဏ္ဍာရေးနှစ်တွင် ငွေကျပ် သန်း ၁၈၀၀ ကျော် အသုံးပြု၍ ကျေးလက်ကုန်ထုတ်လမ်းပေါင်း ၂၅ လမ်း ဖောက်လုပ်ပေးမည်

မန္တလေးတိုင်းဒေသကြီးအတွင်း ယခုဘဏ္ဍာရေးနှစ်တွင် ငွေကျပ် သန်း ၁၈၀၀ ကျော် အသုံးပြု၍ ကျေးလက်ကုန်ထုတ်လမ်းပေါင်း ၂၅ လမ်း ဖောက်လုပ်ပေးမည်(ယခုသတင်းအား Myanmar Digital News စာမျက်နှာမှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။)မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၂ မြို့နယ်တွင် ယခုဘဏ္ဍာရေးနှစ်၌ ငွေကျပ်သန်း ၁၈၀၀ ကျော်အသုံးပြု၍ ကျေးလက်ကုန်ထုတ်လမ်းပေါင်း ၂၅ လမ်း ဖောက်လုပ်ပေးရန် လာမည့် ဒီဇင်ဘာလအတွင်း၌ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရကြောင်း...

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မံဝိန်းကြီးကျေးရွာ၌ မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွား

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မံဝိန်းကြီးကျေးရွာ၌ မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွားကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မံဝိန်းကြီးကျေးရွာ၌ မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာမျက်နှာတွင် နိုဝင်ဘာ ၂၄ ရက်နေ့တွင် ဖော်ပြထားသည်။(သတင်းဖော်ပြချက်အပြည့်အစုံ)ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မံဝိန်းကြီးကျေးရွာ၊ ရပ်ကွက်(၆)ရှိ ဦးထွန်းခင်၏ နေအိမ်ရှေ့၌ နိုဝင်ဘာ ၂၃ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် အမည်မသိ လူ ၂ ဦး စီးနင်းလာသည့် ဆိုင်ကယ်တစ်စီးပေါ်မှ အထုပ်တစ်ထုပ်အား ချသွားခဲ့ပြီး...

ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ တိုးတက်မှုအခြေအနေများ

ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ တိုးတက်မှုအခြေအနေများ(ပြည်တွင်းနိုင်ငံပိုင်သတင်းစာမျက်နှာဖြစ်သော Myanmar Digital News သတင်းစာမျက်နှာမှ တဆင့်ကူးယူဖော်ပြပါသည်။)ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ ဒုတိယအကျော့ မပြီးသေးခင်အချိန်မှာ နောက်ထပ် တတိယအကျော့ပေါ်ပေါက်လာမှာကို စိုးရိမ်လျက်ရှိကြပါတယ်။ ဒါကြောင့်ပဲ ကမ္ဘာ့နိုင်ငံအသီးသီးက အစိုးရတွေအနေနဲ့ ကိုဗစ်-၁၉ တားဆီးထိန်းချုပ်ဆောင်ရွက်မှုတွေ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြပါတယ်။ အခုဆိုရင် ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူဦးရေဟာ ၅၈ သန်း ကျော်လွန်လာခဲ့ပြီဖြစ်သလို သေဆုံးသူဦးရေဟာလည်း ၁ ဒသမ ၃ သန်းကျော်လွန်လာပြီဖြစ်ပါတယ်။အရေးမကြီးတဲ့ စီးပွားရေးလုပ်ငန်းတွေ...

ဒဂုံဆိပ်ကမ်းမြို့နယ်၌ လူစုလူဝေးဖြစ်ပွားမှုအခြေအနေ

ဒဂုံဆိပ်ကမ်းမြို့နယ်၌ လူစုလူဝေးဖြစ်ပွားမှုအခြေအနေ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၉ ရက်နေ့ ည ၁၂ နာရီခန့်တွင် ဒဂုံဆိပ်ကမ်းမြို့နယ် (၈၇)ရပ်ကွက်နေ ဦးသီဟထွန်း ၏ “လိုတရရွှေစံလှပေါက်စီ” မုန့်တိုက်တွင် အလုပ်လုပ်ကိုင်နေသည့် ကလေးများအား အလုပ်ရှင်မှ ညှဉ်းပန်းနှိပ်စက်နေသဖြင့် မုန့်တိုက်အနီး၌ ရပ်ကွက်နေပြည်သူ ၄၀ ဦးခန့် စုဝေးမှုဖြစ်ပေါ်နေကြောင်း သိရသည်။အဆိုပါသတင်းအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍သွားရောက်ဆွေးနွေးရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ရာလူစုကွဲသွားခဲ့ပါကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။၎င်းနောက်ယနေ့နေ့လည် ၁၂ နာရီခန့်တွင် မုန့်တိုက်အတွင်း ကလေးငယ်များ...

ကျိုက်ထီးရိုးတောင်တော်ပိတ်ထားရသဖြင့် လူဦးရေ (၃၀၀၀)နီးပါး စားဝတ်နေရေး အဆင်မြပေမှုများရှိနေ၍ ကူညီပေးစေလို

ကျိုက်ထီးရိုးတောင်တော်ပိတ်ထားရသဖြင့် လူဦးရေ (၃၀၀၀)နီးပါး စားဝတ်နေရေး အဆင်မြပေမှုများရှိနေ၍ ကူညီပေးစေလိုကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးကို ခေတ္တပိတ်ထားတာ (၈)လ နီးပါးရှိပြီးဖြစ်သည့်အတွက် လက်ရှိ တောင်ပေါ်နေထိုင်သူ(၃၀၀၀)နီးပါးက စားဝတ်နေရေး အဆင်မပြေမှုများနှင့် ကြုံတွေ့နေရသဖြင့် တာဝန်ရှိသူများမှ ကူညီပေးစေလိုကြောင်း ကျိုက်ထီးရိုးတောင်ပေါ် နေမိသားစုဝင်များထံမှ သိရတယ်လို့ နိုင်ငံပိုင်မီဒီယာတစ်ခုက ဖော်ပြထားပါတယ်။ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကို ကိုဗစ်ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့ မတ်လကစပြီး ခေတ္တပိတ်ထားခဲ့ရာမှ (၈)လနီးပါးကြာမြင့်လာသဖြင့် ဘုရားဖူးဧည့်သည်များ လာရောက်လည်ပတ်ခြင်း မရှိသောကြောင့်...

ရွေးကောက်ပွဲ အောင်မြင်တာဟာ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ နိုင်ငံသားကောင်းတစ်ဦးရဲ့ တာဝန်ကို ကျေပွန်စွာနဲ့ ဆန္ဒမဲပေးခဲ့ကြလို့

အခုလို ရွေးကောက်ပွဲ အောင်မြင်တာဟာ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ နိုင်ငံသားကောင်းတစ်ဦးရဲ့ တာဝန်ကို ကျေပွန်စွာနဲ့ ဆန္ဒမဲပေးခဲ့ကြလို့ အောင်မြင်တာ ဖြစ်ပါတယ်ဦးလှသိန်း ( ဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် )၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ်အလိုက် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အပြီးသတ် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ရွေးကောက်ပွဲရလဒ်များ မှန်မှန်ကန်ကန် စနစ်တကျထုတ်ပြန်နိုင်ရေး...

ရွေးကောက်ပွဲအကြိုကာလ၌ ဖြစ်ပေါ်နေသည့်အခြေအနေများနှင့်ပတ်သက်၍ တပ်မတော်၏ သဘောထားထုတ်ပြန်ချက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအကြိုကာလ၌ ဖြစ်ပေါ်နေသည့်အခြေအနေများနှင့်ပတ်သက်၍ တပ်မတော်၏ သဘောထားထုတ်ပြန်ချက် (၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂ ရက်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်အပြည့်အစုံအား ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၌ ပြည်သူလူထုလိုလားတောင့်တခဲ့သည့် ပါတီစုံဒီမိုကရေစီစနစ်အားကျင့်သုံးနိုင်ရေး တပ်မတော်အစိုးရကဦးဆောင်၍ အကောင်အထည်ဖော်မှုများ၊ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးခေါင်းဆောင်သော ရွေးကောက်ပွဲကော်မရှင်အားဖွဲ့စည်းပြီး လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ကျင်းပနိုင်ခဲ့ပါသည်။ အလားတူ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအားလည်း...