ဆိုင်ကယ်ဘောက်အတွင်းမှ‌ငွေများလိုက်လံခိုးယူနေသူတွေကို ဖော်ထုတ်ဖမ်းဆီး

626

ဆိုင်ကယ်ဘောက်အတွင်းမှ‌ငွေများလိုက်လံခိုးယူနေသူတွေကို ဖော်ထုတ်ဖမ်းဆီး

သြဂုတ်(၁၄) AlinnMyay(အလင်းမြေ)

ပဲခူးတိုင်းဒေသကြီးညောင်လေးပင်မြို့တွင်ဩဂုတ် ၁၁ရက် နေ့လည်ပိုင်း အချိန်က ကိုအောင်ဖြိုးသူ၊ ဖောင်တော်သီကျေးရွာ၊ ဒိုက်ဦးမြို့နယ်နေသူသည် ညောင်လေးပင်မြို့ရှိဘဏ်မှ ငွေထုတ်ပြီး ငွေများအား၎င်း၏ဆိုင်ကယ်ဘောက်အတွင်းထည့်ကာ မုန့်ဆိုင်တွင်မုန့်ဝယ်နေစဉ် ၎င်းဆိုင်ကယ်ဘောက် အတွင်းထည့်ထားသော ငွေ(၅၁၂၀၀၀)ကျပ်မှာ ပျောက်ဆုံးသွားသဖြင့်ညောင်လေးပင်မြို့မရဲစခန်းသို့လာရောက်တိုင်တန်းခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံအား အမြန်ဆုံးဖမ်းဆီးရမိရေးတွက် ညောင်လေးပင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက မြို့တွင်းလှည့်ကင်းဆောင်ရွက်နေစဉ် ဩဂုတ် ၁၄ ရက်ညနေပိုင်းအချိန်က CCTV မှတ်တမ်းတွင်ပါဝင်သော လူမြင်လျှင်မှတ်မိသူ ဦးခင်မြင့်(၅၄)နှစ်၊ မူလရွှေတံခါးရပ်ကွက်၊ (၄)လမ်း၊ ပြည်မြို့နေသူ အား ဆိုင်ကယ်အမှတ် BGO-၇၄ယ/၅၉၀၃ဝ၊ တရုတ်နိုင်ငံလုပ်၊ Kenbo 125 ဆိုင်ကယ်ဖြင့် ဖြတ်သန်းမောင်းနှင်သွားသည်ကိုတွေ့မြင်ရသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ မြို့မ(၂)ရပ်ကွက်၊ ဘုရားကြီးရှေ့အရောက်တွင် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဖမ်းဆီးရမိသော တရားခံ ဦးခင်မြင့်အားစစ်ဆေးရာ ၎င်းနှင့်အတူပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ မင်းဇော်ဦး၊ ၄၄နှစ်၊ဆိုင်ကယ်ကယ်ရီမောင်း၊ ဗိုလ်ချုပ်လမ်း၊ မရေပင် ရပ်ကွက်၊ ပြည်မြို့၊ ဇော်လင်း(ခ) ငလက်မ၊ ၄၉နှစ်၊အိုးဘို အနောက်ရပ်ကွက်၊ တွံတေးမြို့၊ ချစ်ဇော်အေး(ခ)ချက်ဖောင်း၊ ၂၄နှစ်၊ကယ်ရီမောင်း၊ မြိုင်သာယာရပ်ကွက်၊ မှော်ဘီမြို့နေသူနှင့် ကျော်ဇေယျ(ခ)ကိုမျိုး၊ ၄၃နှစ်၊ ဆိုင်ကယ်ကယ်ရီမောင်း၊ ဘောလည်ကျေးရွာ၊ ထန်းတပင်မြို့၊ ရန်ကုန်တိုင်း ဒေသကြီးနေသူတို့ပါဝင်ကြောင်း စစ်ဆေးပေါ်ပေါက် သဖြင့် ညောင်လေးပင်မြို့မရဲစခန်း၊ ဒိုက်ဦးမြို့မရဲစခန်း၊ ဘုရားကြီးနယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ တိုင်းမှု/ကူအဖွဲ့တို့မှ ပူးပေါင်းပြီး လိုက်လံပိတ်ဆို့ဖမ်းဆီးခဲ့ရာ ဩဂုတ် ၁၄ ရက်ညနေက ကျန်ရှိတရားခံ(၄)ဦးအနက် ချစ်ဇော်အေး(ခ)ချက်ဖောင်း၊ ကျော်ဇေယျ(ခ)ကိုမျိုးတို့(၂)ဦးအား ပျဉ်ပုံ တိုးဂိတ်၌လည်းကောင်း၊ မင်းဇော်ဦး၊ ဇော်လင်း(ခ)ငလက်မတို့ (၂)ဦးအား အမြန်လမ်းမိုင်တိုင်အမှတ်(၄၀/၀)တွင်ဖမ်းဆီးရမိခဲ့ပြီးသက်သေခံပစ္စည်းများဖြစ်သည့် 75W/44290 Smash နီ/နက် ဂျပန်နိုင်ငံထုတ်ဆိုင်ကယ်(၁)စီး၊ (ခ) BGO 74W/59030 Kenbo အနက်ရောင် တရုတ်နိုင်ငံလုပ်ဆိုင်ကယ် (၁)စီး၊ (ဂ) 67w/10801 New Zheng စိမ်း/နက်ရောင် တရုတ်နိုင်ငံလုပ်ဆိုင်ကယ် (၁)စီး၊ အမျိုးအမည်မသိလက်ကိုင်ဖုန်း(၅)လုံးဘေးလွယ်အိပ်(၂)လုံး၊ငွေစက္ကူရောရာ(၅၆၀၀၀၀)ကျပ်နှင့်အတူဖမ်းဆီးရမိသဖြင့်ညောင်လေးပင်မြို့မရဲစခန်းမှ ‌‌(ပ)၂၁၃/၂ဝ၂ဝ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့်အမှုဖွင့်ထားရှိကာဆက်လက်စစ်‌ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ကိုမျိုး(ညောင်လေးပင်) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here