ထရန်စဖော်မာမှ တန်ဘိုး သိန်း (၁၀၀)ခန့်ရှိ ကြေးနန်းကြိုးများ ခိုးယူပြီး (၁၉)သိန်းကျပ်ဖြင့် ပြန်လည် ရောင်းချသူများကို ဖမ်းမိ

705

ထရန်စဖော်မာမှ တန်ဘိုး သိန်း (၁၀၀)ခန့်ရှိ ကြေးနန်းကြိုးများ ခိုးယူပြီး (၁၉)သိန်းကျပ်ဖြင့် ပြန်လည် ရောင်းချသူများကို ဖမ်းမိ

ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ သတင်းစာမျက်နှာ ဖော်ပြချက်တွင် ၁၀-၇-၂၀၂၀ ရက်နေ့တွင် သနပ်ပင်မြို့မရဲစခန်း (ပ) ၈၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ (လုယက်မှု)မှ ဖမ်းမိတရားခံ မျိုးသီဟ (ခ)မျိုးကြီး (၂၂)နှစ်အား အခြားပြစ်မှုများ ကျူးလွန်ထားခြင်း ရှိ/မရှိ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်နှင့်အညီ စစ်ဆေးခဲ့ရာ ပဲခူးမြို့၊ ဥဿာမြို့သစ်(၉)ရပ်ကွက်၊ မွန်စုပိုင်းရှိ သစ်စက်တွင် အသုံးပြုရန် သွယ်တန်းထားသော ထရန်စဖော်မာမှ တန်ဘိုး သိန်း (၁၀၀)ခန့်ရှိ ကြေးနန်းကြိုး များ ပျောက်ဆုံးနေသဖြင့်

ပဲခူးအမှတ် (၃)နယ်မြေရဲစခန်း (ပ)၅၂၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့် အမှု ဖွင့် စုံစမ်းလျက်ရှိသော အမှုမှ ကြေးနန်းကြိုးများကို ၎င်းနှင့်အတူ ပဲခူးမြို့နယ် နေသူများဖြစ်သည့် နေအောင်၊ စောလင်းထွန်း၊ သန်းဦးနှင့် ကျန် အမျိုးသား (၂)ဦးတို့မှ ခိုးယူခဲ့ပြီး (၁၉)သိန်းကျပ်ဖြင့် ပြန်လည် ရောင်းချ ထားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းရမိပြီး အမြန် တရားစွဲ တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

သတင်း/ဓာတ်ပုံ-ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ စာမျက်နှာ #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here