ဘိလပ်မြေ စက်ရုံဖျက်သိမ်းရေး ဆန္ဒထုတ်ဖော်ခဲ့သော အောင်သပြေရွာသားများကို ရဲတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီး

784

ဘိလပ်မြေ စက်ရုံဖျက်သိမ်းရေး ဆန္ဒထုတ်ဖော်ခဲ့သော အောင်သပြေရွာသားများကို ရဲတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီး

မတ်(၂၅)AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

ဘိလပ်မြေ စက်ရုံဖျက်သိမ်းရေး ဆန္ဒထုတ်ဖော်ခဲ့မှုကြောင့် ဖမ်းဝရမ်း ထုတ်ခံထားရသော‌ အောင်သပြေကျေးရွာသား ဦးရွှေအုန်း၊ ကိုးတန်းကျောင်းသား တူ‌ဝေယံ အပါအဝင် ရွာသား(၁၀)ယောက်ကို ရဲအင်အား ၈၀ ခန့်နဲ့ ဒီကနေ့ မတ်လ(၂၅)ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အမှုမှာ ၂၅.၃.၂၀၂၀ ရက်နေ့ ၀၅၀၀ အချိန် တရားလိုသည် ပုသိမ်ကြီးမြို့နယ်တရားရုံးရာသေးအမှတ် ၅၄/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ၁၄၇/၃၃၂/၃၃၃/၁၁၄/ကျင့် ၅၁၂ ပုသိမ်ကြီးမြို့နယ်တရားရုံး ရာသေးအမှတ် ၄၄/၂၀၁၉ ငြိမ်းစုစီပုဒ်မ ၁၉/ကျင့် ၅၁၂ တရားရုံးရာသေးအမှတ် ၅၆/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၄၃၆၄၄၀/၁၁၄/ကျင့် ၅၁၂ အမှုမှတရားခံပြေး ဦးရွှေမုံ၊ မငြိမ်းဌေးတို့နှင့်အတူ တရားခံပြေးများရောက်ရှိနေကြောင်းသတင်းအရ မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အပါအဝင် ရဲတပ်ဖွဲ့ဝင် အင်အား ၈၀ ခန့်မှ ဦးရွှေအုံးနေထိုင်သည့် နေအိမ်ခြံဝန်းအတွင်း အဖွဲ့များခွဲ၍

ဝင်ရောက်ဖမ်းဆီးရာ တရားခံပြေးဦးရွှေအုံးနေအိမ်အတွင်းမှ ၎င်း၏ ဆွေမျိုးသားချင်းများဖြစ်ကြသောဦးငြိမ်းအေး ဦးငြိမ်း၊ ဦးမြင့်နိုင်၊ ကိုအောင်မင်းမင်းတူးဝေယံ(ခ)ပုလင်းများ၊ ကျောက်ခဲ၊ လေးများ၊ ကုန်းသီးများ နှစ်ဖက်ချွန်ဝါးလုံးဂျစ်တူး၊ ဒေါ်ရွှေ၊ ဒေါ်ငြိမ်းဌေး၊ ဒေါ်ရင်ရင်အေး၊ မသီရီအောင်တို့မှတို(၄)ချောင်း၊ လှံရှည်(၃)ချောင်း၊ ဓါးမ(၄)ချောင်း အက်စစ်ဟုယူဆရသောစားလောင်စေသည့်အရည်များထည့်ထားသော ပုလင်း၁၀ လုံးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် တရားလိုတို့အဖွဲ့ထဲမှ ဒုရဲမှူး သက်နိုင်ထွန်းတွင် ဝဲပါးဖုရောင်ဒဏ်ရာ၊ ရဲတပ်ကြပ်ကြီး ညီညီအောင် ယာမျက်လုံးဘေးပေါက်ပြဲသွေးထွက်ဒဏ်ရာ၊ ရာအိမ်မှူး ဦးမိုးမြင့်တွင် ဦးခေါင်းယာဘက်အခြမ်း၊

ယာလက်ဖျံနှင့်ယာပါးပြင်တွင် အက်စစ်ဟုယူဆရသော အရည်တစ်မျိုးဖြင့်ပက်ခဲ့၍ လောင်ကျွမ်းဖုန်ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ဖမ်းဆီးရာတွင်ပါဝင်သော ဒုရဲမှူး မင်မင်းကို၊ဒုရဲမှူး သက်နိုင်ထွန်း၊ ရဲအုပ် ဇော်မိုးသန်း၊ ဒုရဲအုပ် မျိုးကျော်သူတို့မှ(၃၈)ကြိမလ တစ်ချက်စီဖြင့် (၄)ချက်၊ ရဲတပ်ကြပ် နန်းဝင်းတွင်ပါလာသော ပြောင်းချောသေနတ်(၆)ချက်၊ ရဲတပ်သား ရာဇာသိန်းတွင်တွင်ပါလာသော ပြောင်းချေသေနတ် (၆)ချက်၊ စုစုပေါင်း (၂၀)ချက်ပါလာသော ပြောင်းချောသေနတ်(၆)ချက်၊ ရဲတပ်သား သန်းနိုင်ထွန်းပစ်ခတ်ကာထိန်းသိမ်းခဲ့ရသဖြင့် တရားလိုနှင့်အဖွဲ့အား တာဝန်ထမ်းဆောင်၍ မရအောင် နှောက်ယှက်တားဆီးကာ နာကျင်ဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲမှတ်တမ်းများအရသိရပြီး အဆိုပါဖြစ်စဉ်တွင် ပါဝင်ခဲ့ကြသူ ဦးရွှေအုံးပါ ၁၀ ဦးအား ဥပဒေအရအရေးယူရန် ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

မန္တလေးရင်ခတ်သံ #AlinnMyay(အလင်းမြေ)
#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

(Zawgyi)






LEAVE A REPLY

Please enter your comment!
Please enter your name here