ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မံဝိန်းကြီးကျေးရွာ၌ မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွား
ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မံဝိန်းကြီးကျေးရွာ၌ မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာမျက်နှာတွင် နိုဝင်ဘာ ၂၄ ရက်နေ့တွင် ဖော်ပြထားသည်။
(သတင်းဖော်ပြချက်အပြည့်အစုံ)
ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မံဝိန်းကြီးကျေးရွာ၊ ရပ်ကွက်(၆)ရှိ ဦးထွန်းခင်၏ နေအိမ်ရှေ့၌ နိုဝင်ဘာ ၂၃ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် အမည်မသိ လူ ၂ ဦး စီးနင်းလာသည့် ဆိုင်ကယ်တစ်စီးပေါ်မှ အထုပ်တစ်ထုပ်အား ချသွားခဲ့ပြီး အဆိုပါ အထုပ်တွင်ပါရှိသည့် အသံမိုင်းတစ်လုံးပေါက်ကွဲခဲ့သည်။
မိုင်းပေါက်ကွဲမှုကြောင့် လူနှင်တိရစ္ဆာန်များ ထိခိုက်မှုမရှိဘဲ နေအိမ်ရှေ့သံပန်း တံခါးအောက်လျှောက်လမ်း ၁ ပေခွဲခန့်ပျက်စီးခြင်း၊ အိမ်အရှေ့ဘက်ခြမ်း မှန်တံခါး ၆ ချပ်ကွဲကြေပျက်စီးခြင်း၊ အိမ်နံရံနှင့် အိမ်သွပ်မိုးတို့အား ကျောက်ခဲစများ ထိမှန်ခြင်းများဖြစ်ပေါ်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါ မိုင်းပေါက်ကွဲသည့်နေရာသို့ နယ်မြေခံတပ်မှလုံခြုံရေး တပ်ဖွဲ့ဝင်များ နှင့်ရဲတပ်ဖွဲ့ဝင်များက သွားရောက်၍မိုင်းရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်းသတင်းရရှိသည်။
သတင်း/ဓာတ်ပုံ-တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့