ဒိုးထိုးလောင်းကစားပြုလုပ်သူများအား ရဲတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီး၊ အားလုံး ထွက်ပြေးလွတ်မြောက်သွားပြီး ဒိုးများသာ ကျန်ခဲ့​

824

ဒိုးထိုးလောင်းကစားပြုလုပ်သူများအား ရဲတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီး၊ အားလုံး ထွက်ပြေးလွတ်မြောက်သွားပြီး ဒိုးများသာ ကျန်ခဲ့​

သြဂုတ်(၁၄) AlinnMyay(အလင်းမြေ)

တောင်ငူခရိုင် ၊ အုတ်တွင်းမြို့ နယ် ၊ ဘန့်ဗွေးကုန်းကျေးရွာအုပ်စု ၊ ရေသိုးရွာတွင် ဒိုးထိုးခြင်း လောင်းကစားပြုလုပ်နေကြောင်း တိုင်တန်းလာသဖြင့် ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူသွားရောက်ဖမ်းခဲ့​ကြကြောင်းသိရသည်။

ယင်း ဒိုးထိုးခြင်းဖြင့် လောင်းကစားနေသူများအား ကျွဲပွဲနယ်မြေရဲစခန်းမှ နယ်ထိန်း တပ်ဖွဲ့ဝင်များသည် သက်သေများ နှင့်အတူ ယမန်နေ့ သြဂုတ် ၁၃ ညနေ ၄ နာရီအချိန်က သွားရောက် ဖမ်းဆီးခဲ့ကြတာလည်းဖြစ်သည်။​

ယင်းသို့ သွားရောက်ဖမ်းဆီးရာ ဒိုးထိုး လောင်းကစားနေသူများ အားလုံး ထွက်ပြေးလွတ်မြောက်သွားပြီး လောင်းကစားအဖြစ် အသုံးပြုသော ဒိုးများသာ ကျန်ခဲ့​ ကြောင်း ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူတစ်ဦးကဆိုသည်။

တောင်ငူခရိုင်အတွင်း လောင်းကစားပြုလုပ်နေသူများအား တိုင်တန်းမှုများ မကြာခဏရှိခဲ့ပြီး ၊ အဆိုပါ တိုင်တန်းမှုများထဲတွင် ပင်မလောင်းကစား ဒိုင်ကြီးများပါဝင်ခြင်းမရှိကြောင်း လေ့လာသုံးသူ တစ်ချို့က ဆိုသည်။

နေလင်းအောင်(တောင်ငူ) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here