မိုးရွာ၍ စလစ်ဖြစ်ကာ ကားမှ ဆိုင်ကယ်ကို ဝင်ရောက်တိုက်မိပြီး ဆိုင်ကယ်မောင်းသူသေဆုံး

650

ပဲခူးတိုင်းဒေသကြီးညောင်လေးပင်မြို့၊ စမ်းကလေးကျေးရွာအနီး၊ ရန်ကုန်-မန္တလေးကားလမ်းမိုင်တိုင် အမှတ် (၈၆/၁နှင့် ၈၆/၂)ကြားတွင်မေလ၁ရက်‌ညနေပိုင်းကယာဉ်တိုက်မှုဖြစ်ပွားကြောင်းသိရသည်။

ဖြစ်စဉ်မှာ မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ဇော်ရဲအောင်(၂၃)နှစ်၊ ယာဉ်မောင်း၊ တိုးချဲ့ (၃)လမ်း၊ မြို့မ(၁)ရပ်ကွက်၊ ညောင်လေးပင်မြို့ နေသူတစ်ဦး တည်းမောင်းနှင်လာသည့် ယာဉ်အမှတ် YGN-1H/———– Hyundal အမျိုအစား၊ အဖြူရောင်၊ လိုင်စင်ရှိ၊

(၆)ဘီးအငှားယာဉ်သည် မိုးရွာသဖြင့်စလစ်ဖြစ်ပြီး တစ်ဖက်ယာဉ်ကြောသို့ရောက် ရှိ ကာ မျက်နှာချင်းဆိုင် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ပုံမှန်ယာဉ်ကြောအတိုင်းမောင်း နှင့်လာသည့် ဦးထွန်းဝင်း(၄၇)နှစ်၊ ဘူတာလမ်း၊ စာတိုက်ရပ်ကွက်၊ ကျောက်တံခါးမြို့နေသူမောင်းနှင်လာသော ယာဉ်အမှတ် ၇၂ယ/——— Honda Click 125 ထိုင်းနိုင်ငံ လုပ်၊ ဖြူ/နက်ရောင်၊ လိုင်စင်ရှိ၊

ကိုယ်ပိုင်ဆိုင်ကယ်အား ဝင်ရောက် တိုက်မိခဲ့ရာ ဇော်ရဲအောင်တွင်ဒဏ်ရာရရှိမှုမရှိသော်လည်း ဦးထွန်းဝင်းတွင် ဝဲပါးပေါက်ပြဲမေးရိုးပေါက်ပြဲ၊ ယာခြေသလုံးပွန်းပဲ့ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး သေဆုံးသူအား ညောင်လေးပင်မြို့ပြည်သူ့ဆေးရုံသို့ ရဲဆေးစာဖြင့်ပို့ဆောင်ထားရှိကာ ယာဉ်မောင်းဖြစ်သူ‌ ဇော်ရဲအောင်မှာအခင်းဖြစ်နေရာမှထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းဇော်ရဲအောင်အား ညောင်လေးပင်မြို့မရဲစခန်းမှယာဉ်(ပ)၂၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၀၂ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်းသိရသည်။

ကိုမျိုး(ညောင်လေးပင်) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here