ဒဂုံဆိပ်ကမ်းမြို့နယ်၌ လူစုလူဝေးဖြစ်ပွားမှုအခြေအနေ

458

ဒဂုံဆိပ်ကမ်းမြို့နယ်၌ လူစုလူဝေးဖြစ်ပွားမှုအခြေအနေ

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၉ ရက်နေ့ ည ၁၂ နာရီခန့်တွင် ဒဂုံဆိပ်ကမ်းမြို့နယ် (၈၇)ရပ်ကွက်နေ ဦးသီဟထွန်း ၏ “လိုတရရွှေစံလှပေါက်စီ” မုန့်တိုက်တွင် အလုပ်လုပ်ကိုင်နေသည့် ကလေးများအား အလုပ်ရှင်မှ ညှဉ်းပန်းနှိပ်စက်နေသဖြင့် မုန့်တိုက်အနီး၌ ရပ်ကွက်နေပြည်သူ ၄၀ ဦးခန့် စုဝေးမှုဖြစ်ပေါ်နေကြောင်း သိရသည်။

အဆိုပါသတင်းအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍သွားရောက်ဆွေးနွေးရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ရာလူစုကွဲသွားခဲ့ပါကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

၎င်းနောက်ယနေ့နေ့လည် ၁၂ နာရီခန့်တွင် မုန့်တိုက်အတွင်း ကလေးငယ်များ ကျန်ရှိနေသေးသည်ဟုယူဆကာ အဆိုပါမုန့်တိုက်သို့ ရပ်ကွက်နေပြည်သူ ၅၀ ဦးခန့် ထပ်မံလာရောက်ခဲ့ပြီး နေ့လည် ၁ နာရီခွဲခန့်တွင် ပြည်တွင်းသတင်းဌာနများမှ သတင်းထောက်များ ရောက်ရှိလာကာ အင်တာဗျူးဆောင်ရွက်ခဲ့၍ အင်အား ၁၀၀ ဦးခန့်ဖြစ်လာသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် လူထုကိုယ်စားလှယ်များမှ စေ့စပ်ညှိနှိုင်းခဲ့ပြီး မုန့်တိုက်အတွင်းသို့ ဝင်ရောက်စိစစ်ရှာဖွေရာတွင်လည်း ကလေးငယ်တစ်ဦးတစ်ယောက်မျှ မတွေ့ရှိရကြောင်း၊

ဖြစ်စဉ်ဖြစ်ပွားခဲ့မှုအပေါ် အဖြစ်မှန်ပေါ်ပေါက်ရေးအဆိုပါမုန့်တိုက်တွင်လုပ်ကိုင်နေသည့် အလုပ်သမား၁၈ ဦး(ကျား ၄၊ မ ၁၄)တို့အား စိစစ်ရာ၎င်းတို့သည်မိဘအုပ်ထိန်းသူများ၏ ခွင့်ပြုချက်ဖြင့် လာရောက်အလုပ်လုပ်ကိုင်သူများဖြစ်ကြောင်း၊ လုပ်ခလစာအားမိဘများထံလစဉ်ပေးပို့နိုင်ခဲ့ကြောင်း၊ အလုပ်ရှင်မှလည်းအလုပ်သမားများအပေါ် အတင်းအဓမ္မနှိပ်စက်၍ စေခိုင်းခြင်းမရှိကြောင်း၊ အော်ဒါများကျသည့်နေ့များတွင် အချိန်ပိုလုပ်ကိုင်ရလေ့ရှိပြီး နောက်ကျပါက တစ်ခါတစ်ရံ ဆူပူပြောဆိုခံရခြင်းများရှိကြောင်း၊ ၂၄ နာရီလုံး လုပ်ကိုင်ရသည့်နေ့မရှိကြောင်း၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အလုပ်ရှင်၏ညီဖြစ်သူ အောင်ကျော်မင်းက အလုပ်သမားဖြစ်သူ စကျော်လင်းထွေး(၁၉)နှစ်အား ပေါက်စီပြုလုပ်ရန် ကြက်သွန်အခွံခွာရာတွင် နောက်ကျသည့်ကိစ္စနှင့်ပတ်သက်၍ ဆူပူပြောဆိုကာပါးရိုက်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် အောင်ကျော်မင်းအား ဒဂုံဆိပ်ကမ်းမြို့မရဲစခန်း၌ဥပဒေနှင့်အညီ အမှုရေးဖွင့်ဆောင်ရွက်ထားရှိကြောင်းနှင့် အဆိုပါမုန့်တိုက်မှာ လုပ်ငန်းလိုင်စင်မရှိသဖြင့် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဆက်လက်ဖော်ပြထားသည်။

Sourcr-MM Police
#AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here