တစ်ပိုင်တစ်နိုင် ရွှေကျင်ရာမှ အမျိုးသမီး တစ်ဦး မြေစိုင်ပိသေဆုံး

755

ဇွန်(၈) AlinnMyay(အလင်းမြေ)

တစ်ပိုင်တစ်နိုင်ရွှေကျင်ရာမှ ​တောင်ကမ်းပါးပြိုကျပြီး အမျိုးသမီးတစ်ဦး မြေစိုင်များပိသေဆုံးခဲ့သည့် ဖြစ်စဉ် တောင်ငူခရိုင် ၊ ဆွာမြို့ ၊ သိုင်းဝကျေးရွာအုပ်စု ၊ ဗွတ်ပုပ်တဲစုတွင် ဖြစ်သွားခဲ့ကြောင်းသိရသည် ။

တောင်ငူမြို့နယ် ၊ ကျောင်းကုန်းကျေးရွာနေ မသီတာစိုး( ခ ) မီးမီး( ၃၈)နှစ် နှင့် မသူ( ခ ) သူဇာခိုင် ( ၂၈ )နှစ် ၊ ရှမ်းစုကျေးရွာ ၊ တောင်ငူမြို့ နေသူ ( ၂ )ဦးသည် ဇွန် ၈ မွန်းလွဲပိုင်းက ဆွာမြို့ ၊ သိုင်းဝကျေးရွာအုပ်စု ၊ ဗွတ်ပုပ်တဲစု အနီး တောင်ကမ်းပါးရံတွင် တစ်ပိုင် တစ်နိုင် ရွှေကျင်ရာမှ မြေပြိုကျခဲ့တာဖြစ်ကြောင်းသိရသည် ။

ယင်ကဲ့သို့ မြေပြိုကျစဉ် နှစ်ဦးသား ထွက်ပြေးခဲ့သော်လည်း မသူ ( ခ ) မသူဇာမှ လွတ်မြောက်ခဲ့ပြီး မသီတာစိုး ( ခ ) မီးမီး မှာ မြေစိုင်ခဲများပိ သွားခဲ့​သောကြောင့် ပတ်ဝန်းကျင်အား အကူအညီတောင်းကာ ပြန်လည် တူးဖော်ပြီး ဆွာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခုလပ်တွင် သေဆုံးသွားခဲ့ကြောင်းသိရသည် ။

မသိတာစိုး ( ခ ) မီးမီး သေဆုံးခြင်း နှင့်ပတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် ဆွာနယ်မြေရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ( ၅ /၂၀၂၀ ) အမှုရေးဖွင့် ဆောင်ရွက်ထားကြောင်းသိရသည် ။

နေလင်းအောင်(တောင်ငူ) #AlinnMyay(အလင်းမြေ)
#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here