လင်မယား စကားများသည်ကို နားငြီးတယ်ဟု ဝင်ရောက် ပြောဆိုရာမှ လူသတ်မှုအထိဖြစ်ပွါး

745

လင်မယား စကားများသည်ကို နားငြီးတယ်ဟု ဝင်ရောက် ပြောဆိုရာမှ လူသတ်မှုအထိဖြစ်ပွါး

ဇူလိုင်(၂၃) AlinnMyay(အလင်းမြေ)

လင်မယား စကားများရန်ဖြစ်နေသည်ကို နားငြီးသည်ဟု ဝင်ရောက်ပြောဆိုရာမှ စကားများရန်ဖြစ်ပြီး ဝါးရင်းဒုတ်ဖြင့်ရိုက်သတ်မိသည့် ဖြစ်စဉ် တောင်ငူခရိုင် ၊ ထန်းတပင်မြို့နယ်တွင် ဖြစ်သွားခဲ့ကြောင်းသိရသည် ။

တောင်ငူခရိုင် ၊ ထန်းတပင်မြို့နယ် ၊ ချောင်းဝကျေးရွာအုပ်စု ၊ ကရင်နီကုန်းကျေးရွာ အနီး အုတ်လုပ်ငန်းတွင် ဇူလိုင် ၂၃ ရက် မနက် ၃ နာရီအချိန်က သိန်းဌေး ( ၃၅ )နှစ် နှင့် ဇနီးဖြစ်သူ မခိုင်နှင်းဆီ ( ၂ ၀ )နှစ် ၊ စပါးကြွယ်ကျေးရွာနေသူတို့သည် စကားများရန်ဖြစ်နေကြကြောင်းသိရသည်။

ယင်းသို့ အကျင်လင်မယား စကားများရန်ဖြစ်နေသည်ကို အုတ်လုပ်ငန်းအတူ လုပ်ကိုင်နေသော ဆန်းမင်း ( ၃၅ )နှစ် ကမ်းပါးနီကျေးရွာနေသူမှ နားငြီးတယ်ဟု ဝင်ရောက်ပြောဆိုရာမှ ဆန်းမင်း နှင့် သိန်းဌေးတို့ နှစ်ဦးသည် စကားများ ရန်ဖြစ်ခဲ့ကြကြောင်းသိရသည် ။

ယင်းသို့ စကားများရန်ဖြစ်ကြစဉ် ဆန်းမင်း မှ အနီးရှိ ဝါးဆစ်ပိတ် ဒုတ်ဖြင့် ရိုက်ခဲ့ရာ သိန်းဌေးတွင် ဝဲဘက်ဂျိုစောင်းပေါက်ပြဲဒဏ်ရာ ၊ ဝဲဘက်ပါးရိုးဖုရောင် ဒဏ်ရာများရရှိကာ သတိမေ့ပြီး ထန်းတပင်ဆေးရုံမှ တဆင့် တောင်ငူ ဆေးရုံးကြီးသို့ ကုသစဉ် သေဆုံးသွားခဲ့ကြောင်း ရဲမှတ်တမ်းများအရသိရသည် ။

” ဒီကနေ့ မနက် ၁၀ နာရီလောက်က ဆုံးသွားတယ် မွန်းလွဲ ၁၂ နာရီလောက်မှာ ကျူးလွန်သူ ဆန်းမင်းကို ဖမ်းဆီးရမိခဲ့ပါတယ် ယခုတော့ ရဲလုပ်ငန်းအတိုင်း ဆက်လက် လုပ်ဆောင်နေပါတယ်ဟု ” တောင်ငူခရိုင် မှုခင်းနှိမ်နင်းရေး ခေါင်းဆောင် ရဲအုပ်မြင့်ထူး ကပြောသည် ။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆန်းမင်း အား ထန်းတပင် မြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးဆောင်ရွက်ထားကြောင်း အဆိုပါ ရဲစခန်းမှ သိရသည် ။

နေလင်းအောင်(တောင်ငူ) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here