တည်းခိုခန်းမှာတည်းခိုပြီး မူးယစ်ဆေးရောင်းချသူများဖမ်းမိ

869

တောင်ငူမြို့တွင် WY ဆေးပြား ၇၄၆၀ ပြားဖမ်းဆီးရမိ

သြဂုတ်(၁၅) AlinnMyay(အလင်းမြေ)

မူးယစ်တပ်ဖွဲ့ ( ၃၆) တောင်ငူလှုပ်ရှားတပ်ဆွယ်မှ ဦးဆောင်ကာ ယမန်နေ့ ည ၆ နာရီ ကျော်အချိန်က မူးယစ်ဆေးဝါး အပြား ( ၇၄၆၀ )ပြား ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ယမန်နေ့ သြဂုတ် ၁၄ ရက် ည ၆ နာရီကျော်အချိန်က တောင်ငူမြို့ ၊ အမှတ် ( ၁၉ ) ရပ်ကွက် ၊ ရန်ကုန် -မန္တလေး လမ်းဟောင်းဘေးရှိ မေတ္တာရိပ်တည်းခိုခန်း ၊ အခန်းနံပါတ် (၁၂၉ )တွင် အမျိုးသား ( ၂ )ဦးလာရောက်တည်းခိုကာ မူးယစ်ဆေးဝါးများ လာရောက် ဖြန့်ဖြူးရောင်းချနေကြောင်း သတင်းအရ ရှာဖွေခဲ့ခြင်းလည်းဖြစ်သည်။

ယင်းသို့ ရှာဖွေရာ အဆိုပါတည်းခိုခန်း အခန်းနံပါတ် (၁၂၉)တွင် အငယ်လေး( ခ)မင်းမင်းထွန်း နှင့် ရန်နိုင်ဦး တို့
( ၂ )ဦးအား အခန်းအတွင်းအသင့်တွေ့ရှိပြီး ၄င်းတို့ ထိုင်နေသည့် ကုတင်ပေါ် တွင် WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ( ၇၄၆၀ )ပြား အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါဖြစ်စဉ် နှင့် ပတ်သက်ပြီး မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိဖြန့်ဖြူးရောင်းချသူ မင်းမင်းထွန်း ( ခ ) အငယ်လေး ( ၃၃ )နှစ် ၊ အမှတ် ( ၉၀ ) တောင်ကျောင်းလမ်း ၊ မြို့မရပ်ကွက် ၊ တောင်ကြီးမြို့နေသူ နှင့် ရန်နိုင်ဦး ( ၃၁ )နှစ်၊ အမှတ် ( ၄ )ရပ်ကွက် ၊ နယ်မြေ ( ၂ ) ၊ ဝမ်းတွင်းမြို့ နေသူအား တောင်ငူမြို့မ ရဲစခန်းတွင် အမှုဖွင့် စစ်ဆေးဆောင်ရွက်ထားကြောင်းသိရသည် ။

ကိုမျိုး(ညောင်လေးပင်) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here