ခင်ပွန်းဖြစ်သူကို ဓါးဖြင့်ခုတ်ပြီး ဇနီးဖြစ်သူကို ဓါထောက် သားမယားပြုကျင့်ပြီး ဖုန်းလုတဲ့ လူနှစ်ဦးကိုဖမ်းဆီးရမိ

631

ခင်ပွန်းဖြစ်သူကို ဓါးဖြင့်ခုတ်ပြီး ဇနီးဖြစ်သူကို ဓါထောက် သားမယားပြုကျင့်ပြီး ဖုန်းလုတဲ့ လူနှစ်ဦးကိုဖမ်းဆီးရမိ

ရွှေပြည်သာမြို့နယ်တွင် အတင်းအဓမ္မခေါ်ဆောင်ပြီး သားမယားပြုကျင့်ကာ ဖုန်းလုယက်သူ (၂)ဦးကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ သတင်းစာမျက်နှာတွင်ဖော်ပြထားသည်။

ဖြစ်စဉ်မှာ ၇.၁၂.၂၀၂၀ ရက်နေ့ ၂၀၃၀ အချိန်တွင် ရွှေပြည်သာမြို့နယ်၊ (၁၇/ဒ)ရပ်ကွက်၊ အပိုင်း(၅)၊ ရှင်စောပုလမ်းနေ တရားလို မ—-သည် ဝါးတရာစက်မှုဇုန်၊ ဝါးတရာပရီမီယာအထပ်သား စက်ရုံမှ အလုပ်ဆင်းပြီး ခင်ပွန်းဖြစ်သူနှင့်အတူ စက်ဘီးစီး၍ပြန်လာစဉ် အမည်မသိအမျိုးသား(၂)ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး “မင်းတို့မှာ ဘာတွေရှိလဲ၊ ရှိတာထုတ်ပေး” ဟု ပြောဆိုသဖြင့် Huawei-610 အမျိုးအစားဖုန်း(၁)လုံးအား ထုတ်ပေးခဲ့ကြောင်း၊

ထို့နောက် ၎င်း၏ခန္ဓာကိုယ် အား ပွတ်သပ်ကိုင်တွယ် သဖြင့် ခင်ပွန်းဖြစ်သူမှ အရပ်ပုပုအမျိုးသားတစ်ဦးအား လက်သီးဖြင့်ထိုးခဲ့ကြောင်း၊ ထိုစဉ် အရပ်ရှည်ရှည် အမျိုးသား(၁)ဦးက အရှည်(၁)ပေခွဲခန့်ရှိ ဓါးနှင့်ခုတ်သောကြောင့် ခင်ပွန်းဖြစ်သူ၏ ယာဘက်လက် ချောင်းများတွင် ပြတ်ရှဒဏ်ရာများရရှိခဲ့ကြောင်း၊

ထို့ပြင် ၎င်းအား “နင်မအော်နဲ့”ဟု ဆိုကာ ဓါးဖြင့် ထောက်၍ ဖုန်းအားလုယူကာ ဆိုင်ကယ်ပေါ်သို့တင်ဆောင်ပြီး (၁၉)ရပ်ကွက်၊ လမ်းဘေးလူရှင်းသည့် နေရာအရောက်တွင် အရပ်ရှည်ရှည်အမျိုးသားက သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း၊ အရပ်ပုပု အမျိုးသားမှ သားမယားအဖြစ်ပြုကျင့်ရန်ပြုလုပ်စဉ် ရပ်ကွက်အတွင်းမှ ဆိုင်ကယ်မီးရောင်များကြောင့် အဆိုပါအမည် မသိအမျိုးသား(၂)ဦးမှာ ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတို့(၂)ဦးအား စုံစမ်းဖော်ထုတ်အရေးယူ ပေးပါရန် ရွှေပြည်သာမြို့နယ်၊ လှော်ကားနယ်မြေရဲစခန်းသို့ အမှုဖွင့်တိုင်တန်းမှုဖြစ်ကြောင်း ဖော်ပြထားသည်။

ရွှေပြည်သာမြို့နယ်မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ကြီးကြပ်မှုဖြင့် ရွှေပြည်သာမြို့မရဲစခန်းမှ နယ်ထိန်း အရာရှိ ရဲအုပ် ကျော်စွာအောင် နှင့် လှော်ကားနယ်မြေရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ် လှမျိုးထွန်း နှင့် တပ်ဖွဲ့ဝင်များသည် သတင်းရလျှင်ရခြင်း၊ (၁၉)ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်ပူပေါင်း၍ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေး ဝိုင်းဝန်းပိတ်ဆို့ဆောင်ရွက်ခဲ့ရာ ၈.၁၂.၂၀၂၀ ရက်နေ့ ၀၂၂၅ အချိန်တွင် ညီညီထွန်း အမှတ်(၄၉၂)၊ စွယ်တော်(၁၁)လမ်း၊ (၁၉)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်နေသူနှင့် ဝဏ္ဏအောင် အမှတ်(၄၆၅)၊ စွယ်တော်(၁၁)လမ်း၊ (၁၉)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်နေသူတို့(၂)ဦးကို ဖမ်းဆီးရမိ၍ ဥပဒေနှင့်အညီအမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

သတင်း/ဓာတ်ပုံ- ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့
#AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here