အမြန်လမ်းမှာ လာတဲ့ကားတွေကို လိုက်တားနေတဲ့ အမျိုးသား နှစ်ဦး
ဧပြီ (၁၇) AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ
ဧပြီလ (၁၇)ရက်နေ့ ညနေ (၀၅၄၀) နာရီအချိန်ခန့်တွင် ရန်ကုန် -နေပြည်တော် အမြန်လမ်းပိုင်း မိုင်တိုင်အမှတ် ၁၄၁/၃-၁၄၁/၄ အကြားတွင် အမျိုး သား(၂)ဦး မှ ခရီးသွား ယာဉ်ငယ်များအား လိုက်လံတားနေကြောင်းသတင်းရရှိ၍ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ လှည့်ကင်း အဖွဲ့မှသွားရောက်စစ်ဆေးရာ ၄င်း အမျိုးသား(၂)ဦးသည် သထုံ အကျဉ်းထောင်မှ ဧပြီလ (၁၇) ရက်နေ့ပြစ်ဒဏ် လျော့ပေါ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ ကျင့် ၄၀၁(၁)အရ လွတ်မြောက်လာသူ များဖြစ် ကြောင်းသိရှိရပါသည်။
အဆိုပါ အမျိုးသားနှစ်ဦးအား စိစစ်ချက်အရ ၄င်းတို့နေထိုင်ရာ ရှမ်းပြည်နယ် (တောင်ပိုင်း)ရွှေညောင်မြို့သို့ ပြန်ရန်အတွက် ယာဉ် ကြုံ လိုက်ရန် တားနေသူများဖြစ်ကြောင်း သိရှိရသဖြင့် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ဗောဓိကုန်း စခန်းတွင် ခေါ်ယူ စောင့်ရှောက်ထားရှိပြီး သက်ဆိုင်ရာ မိဘ များထံ ဆက်သွယ်၍ နေအိမ်သို့ ချောမောစွာ ပြန်လည်ရောက်ရှိစေရေး လိုအပ်သည်များ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့များမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။
အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး #AlinnMyay(အလင်းမြေ)
#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ
(Zawgyi)