အမြန်လမ်းအသုံးပြုသူများ အထူးသတိထားသွားလာကြဖို့ လိုလာပါပြီ

3575

အမြန်လမ်းအသုံးပြုသူများ အထူးသတိထားသွားလာကြဖို့ လိုလာပါပြီ

မတ်(၃၀) AlinnMyay(အလင်းမြေ)#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

အမြန်လမ်းမကြီး နေပြည်တော် -ရန်ကုန် လမ်းပိုင်း မိုင်တိုင် (၉၁/၂ ) အနီး၌ ရပ်နားထားသော ယာဉ် ငယ် တစ်စီး လူ ၄ ဦးမှ လုယက်ခြင်း ခံရကြောင်းသိရသည်။ ကျူးလွန်သူများအား နာရီပိုင်းအတွင်း ဖော်ထုတ် ဖမ်းမိပြီး စပ်ဆက် တရားခံ များကို ဆက်လက်ဖော်ထုတ်ကာ ယနေ့ မတ်လ (၃၀) ရက်တွင် တရားစွဲတင် အရေးယူဆောင်ရွက်လျက်ရှိပါသည်။

ဖြစ်စဉ်မှာ မတ်လ(၂၇) ရက် နံနက် (၀၃၀၀) နာရီချိန်ခန့် တွင် ယာဉ်မောင်း ဦးအောင်မိုး (၅၀) နှစ် တိုက်ကြီးမြို့နေသူ သည်YGN 5I/—- light truck အဖြူရောင်ယာဉ်ကို နေပြည်တော်-ရန်ကုန် လမ်းမိုင်တိုင် (၉၁/၂) အနီး လမ်းဘေး မြေသားလမ်းတွင် ရပ်တန့်ပြီး ခတ္တ အနားယူ အိပ်နေစဉ် အမည်မသိ အမျိုးသား (၄)ဦး ရောက်ရှိလာကာ စစ်ဆေးရန် ရှိသည် အကြောင်းပြ၍ ယာဉ် တံခါးဖွင့်ခိုင်းပြီးယာဉ် ခေါင်းခန်းရှိ ယာဉ်မောင်း၏ ဇနီး ဖြစ်သူ ဒေါ်စန်းစန်းညွန့် (၄၉) နှစ် တိုက်ကြီးမြို့ နေသူထံမှ မြန်မာငွေ (၂၈၀၀၀/) -Oppo (အနီရောင်) လက်ကိုင် ဖုန်း (၄၄၂၈၉၇၂၁၅) (၁)လုံး – ဦးအောင်မိုး အမည် ယာဉ်မောင် လိုင်စင် (၁)ခု နိုင်ငံသားမှတ်ပုံတင်(၁)ခု ပါ အမျိုးသမီး ဆလင်းဘတ် လက်ကိုင်အိတ် နှင့် ဒေါ်စန်းစန်းညွန့် ဝတ်ဆင်ထားသော ရွှေဆွဲကြုံး (၁) ကုံး အား ဖြုတ်ယူ ထွက်ပြေးသွားကြောင်း နှင့် မလှမ်းမကမ်းတွင် လူ မတွေ့ရ်ှသည့် YGN 5F/ —– probox တစ်စီး ရပ်ထားသည်ကို တွေ့ရ်ှရကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့ မြို့ချောင်းရဲစခန်းသို့ ကာယကံရှင် တို့မှ လာရောက် သတင်းပို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နေရာသို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးရာ 5F/—-Probox ယာဉ်မှာ ရပ်တန့်ထားခြင်း မရှိတော့ကြောင်း စစ်ဆေးတွေ့ရှိရသည်။ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ တပ်ဖွဲ့ဝင်များသည် မသက်ာဖွယ် probox ယာဉ်အား ပိတ်ဆို့ ရှာဖွေ ဖော်ထုတ် ဖမ်းဆီးရာ ည (၀၇၃၀ ) နာရီချိန်တွင် အဆိုပါ ယာဉ်သည် နေပြည်တော်-ရန်ကုန် လမ်း မိုင်တိုင် (၄၆/၂) အနီး တွင် ယာဉ်မောင်း ကိုအောင်မျိုးကျော် (၄၁)နှစ် ရွှေပြည်သာ နေသူမောင်းနှင်လာသည်ကို ပိတ်ဆို့ ဖမ်းဆီး ရမိခဲ့ကြောင်းသိရသည်။

အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင်များသည် မသက်ာ ယာဉ်အား ကျေးရွာမှသက်သေများနှင့်အတူ စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ မြန်မာငွေ (၂၃၀၀၀/) -sim ကဒ်မပါ Oppo (အနီရောင်) လက်ကိုင်ဖုန်း(၁)လုံး- အလေးချိန် (၁၂) ပဲ (၂)ရွေး (၇)ခြမ်းရှိ ရွှေဆွဲကြိုး (၁) ကုံး ကို ရှာဖွေတွေ့ရှိရသဖြင့် ဆက်လက်စစ်ဆေး ဖော်ထုတ်ရာ ပြစ်မှု ကျူးလွန်သူ သာတင့်ဇော်(ခ) ကောက်ကြီး(ခ) ဆံရှည် (၃၈)နှစ် နေရပ်-ရွေပြည်သာ အားဖမ်းဆီးရမိပြီးစပ်ဆက်ထွက်ပြေးတိမ်းရှောင် နေသူ တရားခံပြေး အောင်ဆန်းထူး (ခ) ဖင်မဲ (၄၀) နှစ် နေရပ် -ဒိုက်ဦး မောင်ဇော် (ခ) ကျွဲကြီး (၄၀) နှစ် နေရပ် – ဒိုက်ဦး တို့အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း နှင့် စစ်ကြောချက်များ အရ မတ်လ (၁၂) ရက်နေ့ ည မိုင်တိုင် (၁၁၇) အနီး တွင် အမျိုးသား(၁)ဦးထံမှ လုယူ သွားသည့် Sim ကဒ်မပါ Huawei တယ်လီဖုန်း (၁) လုံး ကို ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ အဖွဲ့သည် အမြန်လမ်း တလျောက် တွင် ရပ်နားထားသည့် ယာဉ် ၏ အခြေအနေ အခွင့်အရေးပေါ်မူတည်ရ်ျ စစ်ဆေးရန် အကြောင်းပြ လိမ်ညာ ဟန်ဆောင် ကာ ခရီးသည်များထံမှ ငွေ ပစ္စည်း တောင်းယူ လုယက် ကြောင်း ဖော်ထုတ် ရရှိသဖြင့် အမြန်လမ်းမကြီး တလျောက် ခရီးသွားလာလျက်ရှိသည့် ပြည်သူများ ခတ္တ ယာဉ်ရပ်နား လိုက အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ရဲစခန်း/ ရဲကင်းများတွင် ရပ်နား ကြပါရန် နှင့် တရားဥပဒေ ပြင်ပ ထူးခြား ဖြစ်စဉ် များကြုံတွေ့ဖြစ်ပေါ်ပါ က အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ သို့ အမြန်ဆုံး မဖြစ်မနေ သတင်းပေးဆက်သွယ်ခြင်းဖြင့် ပြည့်သူအကျိုး ရှေးရှု၍ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့နှင့်ပူးပေါင်းပါဝင် ကူညီကြပါရန် အသိပေးဖော်ပြအပ်ပါသည်။

အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး #AlinnMyay(အလင်းမြေ)#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here