UEC ၏ ထုတ်ပြန်ချက်သည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အား တားမြစ်ပိတ်ပင်ခြင်းဖြစ်ကြောင်း USDP သဘောထားထုတ်ပြန်
ပြည်ထောင်စုကြ့ံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ သဘောထားထုတ်ပြန်ကြေညာချက် အမှတ်စဉ်(၁/၂၀၂၁)၊ ၁၃၈၂ ခုနှစ်၊ နတ်တော်လပြည့်ကျော် ( ၆ ) ရက်၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ( ၄ ) ရက်နေ့တွင် USDP ဖေ့ဘုတ်စာမျက်နှမှ သဘောထားထုတ်ပြန်ခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲစာရင်းနှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်ကို UEC မှ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၀ ရက် နေ့က သတင်းထုတ်ပြန်ခဲ့ပြီး အဆိုပါသတင်းထုတ်ပြန်ချက် အပိုဒ် (၇)တွင် “ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ပျက်ပြားစေရန်နှင့် ရွေးကောက်ပွဲရလဒ်ကို လက်မခံသည့်သဘောသက်ရောက်စေသည့် သဘောထားထုတ်ပြန်ချက်များ၊ အလားတူတောင်ရွက်ချက်များကို နိုင်ငံရေးပါတီများကဖြစ်စေ၊ အဖွဲ့အစည်းများကဖြစ်စေ ပါဝင်ဆောင်ရွက်ခြင်းမပြုကြပါရန် အသိပေးအပ်ပါသည်။” ဟုသော ဖော်ပြချက်ပါရှိသည်။
အဆိုပါ ဖော်ပြချက်သည် ၂၀၀၈ ဖွဲစည်းပုံအခြေခံ ဥပဒေက ပေးအပ်ထားသော နိုင်သားအားလုံး၏ အေခြခံအခွင့်အရေးတစ်ရပ်ဖြစ်သည့် လွတ်လပ်စွာပြောဆိုဖော်ထုတ်ခွင့်အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တားမြစ်ပိတ်ပင်ခြင်းဖြစ်ကြောင်း USDP သဘောထားထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားကြောင်းတွေ့ရသည်။
သတင်း/ဓာတ်ပုံ-USDP