ရွှေဆွဲကြိုး ၉ ကုံး ကာလတန်ဖိုး ကျပ်သိန်း ၈၀ ကျော်ဖိုး ခိုးယူသွားခဲ့သူ အမျိုးသမီး

987

ရွှေဆွဲကြိုး ၉ ကုံး ကာလတန်ဖိုး ကျပ်သိန်း ၈၀ ကျော်ဖိုး ခိုးယူသွားခဲ့သူ အမျိုးသမီး

ဇူလိုင်(၁၉) AlinnMyay(အလင်းမြေ)

ရွှေဆွဲကြိုး ၉ ကုံး ကာလတန်ဖိုး ကျပ်သိန်း ၈၀ ကျော်ဖိုး ခိုးယူသွားသောအမျိုးသမီးအား ၂၄ နာရီအတွင်း ပြန်လည် ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည် ။

တောင်ငူခရိုင် ၊ အုတ်တွင်းမြို့ ၊ စျေးရပ်ကွက် ရွှေလက်ဆောင် လိုင်စင်ရ အမှတ် ( ၂ ) အပေါင်ဆိုင်တွင် ဇူလိုင် ၁၇ ရက်နေ့က ပျောက်ဆုံးသွားခဲ့သည့် ရွှေဆွဲကြိုး ၉ ကုံး ကာလတန်ဖိုး ကျပ်သိန်း ၈၇၃၀၀၀၀ိ အား ခိုးသူသွားသည့် အမျိုးသမီးအား တောင်ငူခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့နှင့် နယ်မြေခံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ပြန်လည်ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တာလည်းဖြစ်သည်။

အဆိုပါ အပေါင်ဆိုင်တွင် လွန်ခဲ့သော ၁လ ခန့်က ဝန်ထမ်းအဖြစ် လုပ်ကိုင်ဖူးသော မအေးသီရိမွန် ( ၂၀ )နှစ် ၊ စျေးရပ်ကွက် အုတ်တွင်းမြို့ နေသူအား မသင်္ကာသဖြင့် စစ်ဆေးရာမှ ပြန်လည်း ဖော်ထုတ် သိမ်းဆည်းရမိခဲ့တာလည်းဖြစ်သည်။

မအေးသီရိမွန်သည် အလုပ်မှထွက်သွားပြီးနောက်ပိုင်း နေအိမ်တွင် နေထိုင်ခြင်းမရှိကြောင်းသိရ၍ ရဲတပ်ဖွဲ့မှ ၄င်းသွားလာတတ်သော နေရာများ ဆွေမျိုးသားချင်းနေအိမ်များအား လိုက်လံစုံစမ်းခဲ့ရာ ဇူလိုင် ၁၈ ရက် မနက်ပိုင်းက စျေးရပ်ကွက် လမ်းမပေါ်တွင် ဖမ်းဆီးရမိ၍ စစ်ဆေးခဲ့ရာ မအေးသီရိမွန်မှ အမှတ် ( ၂ ) အပေါင်ဆိုင်မှ ခိုးယူခဲ့ကြောင်း နှင့် အဆိုပါ ပစ္စည်းများအား နေအိမ် သေတ္တာထဲတွင် သိမ်းဆည်းထားကြောင်း ဝန်ခံထွက်ဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ရွှေလက်ဆောင် လိုင်စင်ရ အမှတ်( ၂ ) အပေါင်ဆိုင်တွင်း ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မအေးသီရိမွန်အား အုတ်တွင်းမြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း အဆိုပါရဲစခန်းမှ သိရသည်။

နေလင်းအောင်(တောင်ငူ) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here