လမ်းကွေ့တွင်အရှိန်မထိန်းနိုင်ဘဲ(၂၂)ဘီးယာဉ် ဆီဘောက်ဆာတိမ်းမှောက်

89

လမ်းကွေ့တွင်အရှိန်မထိန်းနိုင်ဘဲ(၂၂)ဘီးယာဉ် ဆီဘောက်ဆာတိမ်းမှောက်

သြဂုတ်(၂၉) AlinnMyay(အလင်းမြေ)

ပဲခူးတိုင်းဒေသကြီးညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့၊ တော်နွတ်ကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်း‌ဟောင်းမိုင်တိုင်အမှတ် (၉၀/၃နှင့် ၉၀/၄)ကြားတွင်ဩဂုတ်၂၈ရက်ညနေ၅နာရီခွဲဝန်းကျင်အချိန်ကယာဉ်တိုက်မှုဖြစ်ပွားကြောင်းသိရသည်။

မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဇော်လင်း ၄၄နှစ်၊(ဘ)ဦးလှမြင့်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနေသူ၊ မောင်းနှင်ပြီး ယာဉ်နောက်လိုက် ရန်ရှင်း လိုက်ပါလာသော ယာဉ်အမှတ် 1N/———— TRACTOR HEAD အမျိုးအစား နောက်တွဲအမှတ် 1TLR/———– (၂၂)ဘီး ဆီဘောက်ဆာ(ဆီမပါ) အဖြူ‌ရောင်အငှားယာဉ်သည် လမ်းကွေ့တွင်အရှိန်မထိန်းနိုင်ဘဲ လဲကျတိမ်းမှောက်သွားခဲ့ရာ ယာဉ် မောင်း ဇော်လင်းတွင် ဒဏ်ရာရရှိမှုမရှိသော်လည်း ရန်ရှင်း၊ ၂၆နှစ်၊ (ဘ)ဦးသန်းရွှေ၊ ယာဉ်နောက်လိုက်၊ ဒိုင်းတစ်ရာကျေးရွာ၊ ဖြူးမြို့နယ်နေသူတွင် ခါးနာကျင်ဒဏ်ရာ၊ ပြင်ပလူနာ(မစိုးရိမ်ရ)ရရှိကာပိန်းဇလုပ်တိုက်နယ်ဆေးရုံသို့ရဲ‌ဆေးစာဖြင့်ပို့ဆောင်ထားရှိကြောင်းသိရသည်။

သို့ဖြစ်ပါ၍ ယာဉ်မောင်းနှင်သူ ဇော်လင်းအား ပိန်းဇလုပ်နယ်မြေရဲစခန်းမှယာဉ်(ပ)၁၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/ ၃၃၇ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်းသိရသည်။

ကိုမျိုး(ညောင်လေးပင်)#AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here