မျက်နှာချင်းဆိုင်မှ လာသောကားအားဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ပဲ ဝင်ရောက်တိုက်မိရာ ဆိုင်ကယ်မောင်းသူသေဆုံး

623

မျက်နှာချင်းဆိုင်မှ လာသောကားအားဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ပဲ ဝင်ရောက်တိုက်မိရာ ဆိုင်ကယ်မောင်းသူသေဆုံး

ဇွန်(၂၇) AlinnMyay(အလင်းမြေ)

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့၊ မြို့မ(၁)ရပ်ကွက်၊ ဇေယျသုခဘုန်းတော်ကြီးကျောင်းအနီး ညောင်လေးပင်-မဒေါက်ကားလမ်း မိုင်တိုင်အမှတ် (၉/၇)နှင့်(၁၀/၀) အကြားတွင် ၂၀၂ဝဇွန်၂ရရက်နေ့လည်ပိုင်းကယာဉ်တိုက်မှုဖြစ်ပွား​ကြောင်းသိရသည်။

အခင်းဖြစ်ရပ်သို့ရဲကင်း ရဲစခန်းမှူး ဒုရဲအုပ် အောင်ကျော်ဇောနှင့် အဖွဲ့သည် သက်သေများနှင့် အတူ သွားရောက်ကြည့်ရှုစစ်ဆေးရာ ညောင်လေးပင်မြို့မှ မဒေါက်ဘက်သို့ မင်းထက်အောင်(၁၆)နှစ်၊ တရုတ်တန်းညောင်ဝိုင်းရပ်ကွက်၊ ရွှေကျင်မြို့နယ် နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် ၅၁ယ/———– လော့ဂျာ တရုတ်နိုင်ငံလုပ် အနက်ရောင်ဆိုင်ကယ်သည် မျက်နှာချင်းဆိုင်မှ ယာဉ်မောင်း ရန်ပိုင်ဌေး ( ၂၅)နှစ် ကတုတ်ဘုရားကြီးကျေးရွာ ဒိုက်ဦးမြို့နယ်နေသူမောင်းနှင်လာသည့် ယာဉ်အမှတ် 2N/———-Skat Sowarအမျိုးအစား (၆)ဘီးအပြာရောင်၊ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ဝင်ရောက်တိုက်မိရာ ယာဉ်မောင်း ရန်ပိုင်ဌေးတွင် ဒဏ်ရာမရရှိသော်လည်း မင်းထက်အောင်တွင် ဦးခေါင်းကွဲကြေ၊ ဝဲနှာခေါင်းပေါက်ပြဲဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင်သေဆုံးသွားကာ မဒေါက်တိုက်နယ်ဆေးရုံသို့ ရဲဆေးစာဖြင့်ပို့ဆောင်ထားရှိကြောင်းသိရသည်။

သို့ဖြစ်ပါ၍ ဆိုင်ကယ်မောင်းနှင်သူ မင်းထက်အောင်အား ညောင်လေးပင်မြို့မရဲစခန်းမှ ယာဉ်(ပ) ၂၇/ ၂၀၂ဝ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်ထားရှိကြောင်းသိရသည်။

ကိုမျိုး(ညောင်လေးပင်) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here