ပြည်မြို့နယ်တရားရုံးအတွင်း မီးလောင်မှုဖြစ်ပွား

625

ပြည်မြို့နယ်တရားရုံးအတွင်း မီးလောင်မှုဖြစ်ပွား

ဇူလိုင်(၁၃) AlinnMyay(အလင်းမြေ)

ပြည်ခရိုင်၊ပြည်မြို့ရှိ မြို့နယ်တရားရုံးဝန်းအတွင်း ထားရှိသော သက်သေခံဆိုင်ကယ်များ ဇွန်လ ၁၃ရက်၊မနက် ၅နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါမီးလောင်မှုကို ပြည်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် သုံးစီး၊ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ဆေးရေးရပ်ကွက်နှင့် ဆံတော်ရပ်ကွက် အရန်မီးသတ်စခန်းတို့မှ ယာဉ်ငါးစီးဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ပြီး မီးလောင်ကျွမ်းမှုဖြစ်ပြီး မိနှစ် နှစ်ဆယ်ခန့်အချိန်တွင် ငြိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် သက်သေခံဆိုင်ကယ် ဆယ်စီးခန့်ရှိ ကာဗာနှင့် တာယာများ မီးလောင်ကျွမ်းခဲ့ပြီး ကာလတန်ဖိုး ကျပ်ငါးသောင်းဝန်းကျင် ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဌာနမှ မှတ်တမ်းများအရ သိရသည်။

မီးလောင်းကျွမ်းမှုဖြစ်စဉ်မှာ တရားရုံးဝန်းအတွင်းထားသော သက်သေခံဆိုင်ကယ်များအနီးရှိ အမှိုက်ပုံမီးမှတဆင့် ကူးစက်လောင်ကျွမ်းခြင်းဖြစ်သည်ဟု သိရပြီး အတည်ပြုရန် ပြည်မြို့နယ်မီးသတ်တပ်ဖွဲ့ကို မေးမြန်းခဲ့သော်လည်း အထက်လူကြီးအား မေးမြန်းပြီး ပြည်လည်ဆက်သွယ်မည်ဟုဆိုကာ ပြန်လည်ဆက်သွယ်လာခြင်း မရှိခဲ့ပါ။

အဆိုပါမီးလောင်မှုကြောင့်ထိခိုက်ဒဏ်ရာရမှု၊လူသေဆုံးမှုမရှိဟု သိရပြီး မီးလောင်မှုနှင့်ပတ်သက်ပြီး တရားရုံးဝန်းအစောင့်ဖြစ်သူအား ပြည်မြို့နယ်အမှတ် ၁ နယ်မြေရဲစခန်းမှ ပ-၃၂၂/၂၀၂၀၊ပုဒ်မ ၂၈၅ဖြင့် အရေးယူထားသည်ဟု သိရသည်။

ဝေဖုန်းစံ(ပြည်) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here