မိုးညှင်းဒီဂရီကောလိပ်မှ လျှပ်စစ်ပစ္စည်းသိန်း(၈၀)ဖိုးခန် ့ပျောက်ဆုံးနေ

899

မိုးညှင်းဒီဂရီကောလိပ်မှ လျှပ်စစ်ပစ္စည်းသိန်း(၈၀)ဖိုးခန် ့ပျောက်ဆုံးနေ

မိုးညှင်း/ဇူလိုင် (၁၉) AlinnMyay(အလင်းမြေ)

ကချင်ပြည်နယ် မိုးညှင်းမြို့ရွာသစ်ကုန်းကျေးရွာအုပ်စုအတွင်းရှိ မိုးညှင်းဒီဂရီကောလိပ်(၂)ထပ်စာသင်ဆောင်မှ လျှပ်စစ်ပစ္စည်း သိန်း(၈၀)ဖိုးခန် ့ပျောက်ဆုံးနေသဖြင့်ကျောင်းအုပ်ဆရာမကြီးမှ မိုးညှင်းမြိ့ုမရဲစခန်းတွင်အမှုဖွင့်လှစ်ခဲ့သည်။

ဖြစ်ပွါးပုံမှာ ဇူလိုင်လ(၈)ရက်နေ ့နံနက်(၁၀)နာရီအချိန်တွင် မိုးညှင်းဒီဂရီကောလိပ်ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်စန်းစန်းဝင်းသည်မိုးညှင်းဒီဂရီကောလိပ်အတွင်း၂၀၁၉/၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်ပြည်ထောင်စုရန်ပုံငွေမှငွေလုံးငွေရင်းအသုံးစားရိတ်ဖြင့်ဆောက်လုပ်ခဲသော(၂)ထပ်စာသင်ဆောင်(RC-208 ပေ×38 ပေ)အဆောက်အဦးအားစစ်ဆေးခဲ့ရာ တံခါးမှန်ကွဲနေပြီးပစ္စည်းများပျောက်ဆုံးနေသည်ကိုတွေ ့ရှိရ၍ရွာသစ်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးဦးကျော်ယုထံအကြောင်းကြားခဲ့သည်။

ထို ့နောက် ဆရာမကြီးဒေါ်ခင်စန်းစန်းဝင်းသည် လက်ထောက်ကြီးကြပ်ရေးမှူးဦးစံကျော်ဟိန်း ရွာသစ်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးဦးကျော်ယု အာလဝီကုန်းရပ်ကွက်ရာအိမ်မှူးဦးအောင်ဆန်းဦး မိုးညှင်းမြိ့ုမရဲစခန်းမှတပ်သားအောင်မျိုးထက်တို ့နှင့်အတူပျောက်ဆုံးသည့်ပစ္စည်းများအားစစ်ဆေးကြည့်ရာ ဆုံလည်မျက်နှာကျက်ပန်ကာ(၈)လုံး တန်ဘိုး(၄၀၀၀၀၀)ကျပ် ရေမြှုပ်မော်တာ(၁)လုံး တန်ဘိုး(၁၃၅၀၀၀)ကျပ် ပြုတင်းပေါက်တန်ဘိုး(၂၀၀၀၀၀)ကျပ် မျက်နှာကျက်တန်ဘိုး(၇၀၀၀၀)ကျပ်မိုးကြီုးလွှဲကြေးကြိုးတန်ဘိုး(၂၁၆၀၀၀၀)ကျပ် မိန်းမရိန်ကာတန်ဘိုး(၅၀၃၅၀၀၀)ကျပ် တို ့ပျောက်ဆုံးနေသည်ကိုတွေ ့ရှိရသည် ။

ထို ့ကြောင့် မိုးညှင်းဒီဂရီကောလိပ်ကျောင်းအုပ်ဆရာမကြီး ဒေါက်တာခင်စန်းစန်းဝင်းမှတရားလိုပြုလုပ်၍ဇူလိုင်လ(၁၇)နေ ့ည(၁၀)နာရီအချိန်တွင်အမှုဖွင့်လှစ်ခဲ့သဖြင့် မိုးညှင်းမြိ့ုမရဲစခန်းမှ (ပ)၉၁/၂၀၂၀ ပြည်သူပိုင်ပုဒ်မ ၆(၁)ဖြင့်အမှုရေးဖွင့်ထားခဲ့ကြောင်းသိရှိရသည်။

ဦးခင်မောင်ဦး(မိုးညှင်း) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here