၁၃ နှစ်အရွယ် ၇ တန်းကျောင်းသားလေးနှင့် မိခင်ဖြစ်သူတို့ နှစ်ဦးလုံး အသတ်ခံရတဲ့ နှစ်လောင်းပြိုင်လူသတ်မှု

545

၁၃ နှစ်အရွယ် ၇ တန်းကျောင်းသားလေးနှင့် မိခင်ဖြစ်သူတို့ နှစ်ဦးလုံး အသတ်ခံရတဲ့ နှစ်လောင်းပြိုင်လူသတ်မှု

ဧပြီ (၁၅) AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

တောင်ငူခရိုင် ၊ ထန်းတပင်မြို့ နယ် ၊ ကျီတော်ကျေးရွာတွင် ဧပြီလ ၁၅ ရက်မနက် ၃နာရီခွဲဝန်းကျင်အချိန်က သားအမိ နှစ်ဦးအား ရက်ရက်စက်စက်သတ်သွားသည့် နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ပွါးခဲ့ကြောင်းသိရသည်။

အသတ်ခံရသည် သားအမိ နှစ်ဦးမှာ ထန်းတပင်မြို့ နယ်၊ ကျီတော်ကျေးရွာနေ မဗေဒါ(ခ) မမြသက်မွန် ( ၃၉ )နှစ်နှင့် သားဖြစ်သူ ဗိုလ်ဗိုလ်ထွန်း ( ၁၃ )နှစ် ၊ ရတန်းကျောင်းသားလေးတို့ဖြစ်ကြကြောင်းသိရသည် ။

သေဆုံးသူနှစ်ဦးဟာ နေအိမ်ရှေ့ ခုန်တန်းလျားနှစ်လုံး ဆက်ထားသည့် အပေါ်တွင် မနက်အစောပိုင်းက ဓားဖြင့်ရက်ရက်စက်စက် ခုတ်ခံခဲ့ရတာလို့လည်း သိရပါတယ်။

ယင်းသို့ ရက်ရက်စက်စက် ဓားဖြင့်ခုတ်ခဲ့ရာတွင် အမေဖြစ်သူ မဗေဒါ ( မမြသက်မွန် )မှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ၊ သားဖြစ်သူ ဗိုလ်ဗိုလ်ထွန်း မှာ ဒဏ်ရာများရရှိထားပြီး အဆိုပါ ဒဏ်ရာများဖြင့်ပင် ထန်းတပင်ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကြောင်းသိရသည်။

ရက်ရက်စက်စက် ဓားဖြင့် ခုတ်သတ်သွားသော တရားခံအား မည်သူ မည်ဝါဖြစ်ကြောင်းနှင့် အဘယ်ကြောင့် ယခုလို ရက်ရက်စက်စက် သတ်လိုက်ရသည်ကိုလည်း ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ် ။

” အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ထန်းတပင် မြို့မရဲစခန်းမှူး ဒုရဲမှူး နေလင်းအောင် အား တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ်သော် တယ်လီဖုန်းစက် ပိတ်ထားသောကြောင့် စုံစမ်း၍ မရခဲ့ပါ ” ။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ထန်းတပင်မြို့ရဲစခန်းတွင် ( ပ)၅၀/၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ဆိုထားကြောင်းသိရသည်။

နေလင်းအောင် ( တောင်ငူ )#AlinnMyay(အလင်းမြေ)
#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here