ရခိုင်​ပြည်နယ်သို့ လုပ်အားသွားပေးကြမည့် မန္တလေးတိုင်းက ကျန်းမာရေးဝန်ထမ်းများ

567

(အရေးကြီးရင်သွေးနီးကြတဲ့ မြန်မာပြည်)

သြဂုတ်(၂၇) AlinnMyay(အလင်းမြေ)

ရခိုင်​ပြည်နယ်သို့ လုပ်အားသွားပေးကြမည့် မန္တလေးတိုင်းက ကျန်းမာရေးဝန်ထမ်းများကို အလေးအနက် ဂုဏ်ပြုကြောင်း မန္တလေးမြို့တော်ဝန်ပြော

ရခိုင်ပြည်နယ်၊ စစ်တွေနှင့် ကျောက်ဖြူဆေးရုံများတွင် Volunteer လုပ်အားပေးသွားကြမည့် ကျန်းမာရေးဝန်ထမ်းများအားလုံးကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်နှင့် မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင် တို့မှ ဂုဏ်ပြု နှုတ်ဆက် စကားပြောကြားကြောင်းသိရသည်။

ကိုဗစ်ရောဂါကို ထိန်းချုပ်ကုသဖို့ မိမိအသက်ကို ပဓာနမထားဘဲ volunteer လုပ်ပြီး ရခိုင်​ပြည်နယ်မှာ လုပ်အားသွားပေးကြမည့် မန္တလေးတိုင်းဒေသကြီးက ကျန်းမာရေးဝန်ထမ်းအားလုံးကို အလေးအနက် ဂုဏ်ပြုကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် က လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြပြောကြားခဲ့သည်။

ထို့အပြင် Volunteer အားလုံးရောဂါဆိုးကြီးမကူးဆက်ပဲ အမိမန္တလေးတိုင်းဒေသကြီးကို ဘေးရန်ကင်းစွာ ပြန်ရောက်ပါစေလို့လည်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

“လူသားချင်း စာနာထောက်ထားမှု စိတ်ဓာတ်အပြည့်နဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ Hippocratic Oath နဲ့ Nightingale Pledge ကို ဦးထိပ်ပန်ဆင်ပြီး မမြင်ရတဲ့ကျည်ဆံတွေကို ရင်ဆိုင်ဖို့ ရဲရဲဝံ့ဝံ့ဆုံးဖြတ်ချက်တွေချတာ အင်မတန်လေးစားစရာပါ။ လူအများစုက ရောဂါကူးဆက်မှုများတဲ့ ဒေသတွေကနေ ထွက်ခွာသွားချင်ကြတာ ဓမ္မတာပါ။ “ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ဆက်လက်ရေးသားဖော်ပြထားပါတယ်။

 

Source-Ye Lwin
#AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here