မိုးညှင်းမြို့နယ် နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်မှ ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးထံမှမူးယစ်ဆေးဝါးဖမ်းဆီးရမိ

588

မိုးညှင်းမြို့နယ် နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်မှ ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးထံမှမူးယစ်ဆေးဝါးဖမ်းဆီးရမိ

မိုးညှင်း/ဇူလိုင် (၁၈) AlinnMyay(အလင်းမြေ)

ကချင်ပြည်နယ်မိုးညှင်းမြို့နယ် နန် ့စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မူးယစ်တပ်ဖွဲ ့စု(၃)မှတပ်ဖွဲ ့ဝင်များ၏စစ်ဆေးရှာဖွေမှုကြောင့်ဆိုင်ကယ်စီးလာသည့်အမျိုးသားတစ်ဦးထံမှမူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့သဖြင့်ဥပဒေနှင့်အညီအရေးယူထားခဲ့သည်။

ဖြစ်ပွါးပုံမှာ ဇူလိုင်လ(၁၇)ရက်နေ ့နေ ့လယ်(၃)နာရီအချိန်ခန် ့တွင်မိုးညှင်းမြို့နယ်မူးယစ်တပ်ဖွဲ ့စု(၃)မှ ရဲအုပ်ဝင်းကျော်ကျော် တပ်ကြပ်ကြီးဆန်းလင်းထွန်း တပ်ကြပ်မြင့်သန်းဦးတို ့သည်သက်သေများဖြစ်သောဦးသာစိုးဦးမြင့်စိုးတို ့နှင့်အတူမူးယစ်ဆေးဝါးသတင်းအရမိုးညှင်းမြိ့ုနယ်အဝင် နန် ့စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးတာဝန်ထမ်းဆောင်နေစဉ် မော်ဟန်ကျေးရွာဘက်မှနန် ့စီးအောင်ကျေးရွာဘက်သို ့ဦးထိန်နန် မောင်းနှင်လာသော KENBO-125 အနက်ရောင်ဆိုင်ကယ်အားတားဆီးစစ်ဆေးခဲ့ကြသည်။

ထိုသို ့စစ်ဆေးခဲ့ရာဆိုင်ကယ်ထိုင်ခုံအောက်အလယ်ဝင်ရိုးဖရိန်အတွင်းသိုဝှက်သယ်ဆောင်လာသည့် အနက်ရောင်ကြွပ်ကြွပ်အိတ်အတွင်း အဝါရောင်အဖုံးအပိတ်ပါအဖြူရောင်ကော်ဗူးထဲမှ ဘိန်းဖြူဟုယူဆရသော ဖြူ/ဝါမှုန် ့အလေးချိန်(0.3)ဂရမ်ပါ(၃)ဗူးနှင့်အကြည်ရောင်ပလပ်စတစ်နှင့်ထုပ်ထားသည့် 88/1 စာတန်းပါပန်းရောင်စိတ်ကြွဆေးပြား(၇)ပြားတို ့အားရှာဖွေတွေ ့ရှိခဲ့သဖြင့်ရဲအုပ်ဝင်းကျော်ကျော်မှ သက်သေခံပစ္စည်းများအားဥပဒေနှင့်အညီသိမ်းဆည်းခဲ့သည်။

ထို ့ကြောင့် ဦးထိန်နန်(၄၅)နှစ်(ဘ)ဦးနော်ခွန် ပေကုန်းကျေးရွာ အင်းတော်မြိ့ုနယ် စစ်ကိုင်းတိုင်းဒေသကြီးနေထိုင်သူအား မိုးညှင်းမြိ့ုမရဲစခန်းမှ မယ(ပ)၁၂၁/၂၀၂ဝပုဒ်မ ၁၆(ဂ)ဖြင့်အမှုရေးဖွင့်ထားခဲ့ကြောင်းသိရှိရသည်။

ဦးခင်မောင်ဦး(မိုးညှင်း) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here