အပြန်အလှန်တရားစွဲကြတဲ့ ဟိုပင်မြို့ကရန်ပွဲ

650

အပြန်အလှန်တရားစွဲကြတဲ့ ဟိုပင်မြို့ကရန်ပွဲ

သြဂုတ်(၁၇) AlinnMyay(အလင်းမြေ)

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့တွင် အိမ်နီးချင်းနေထိုင်သူတို ့မြေတူးသည့်ကိစ္စနှင့်ပတ်သက်၍အဆင်မပြေဖြစ်ကာ ဓါးခုတ်မှုဖြစ်ပွါးခဲ့သဖြင့် အပြန်အလှန်တရားစွဲဆိုခဲ့ကြကြောင်းသိရှိရသည်။

ဖြစ်ပွါးပုံမှာ သြဂုတ်လ(၁၅)ရက်နေ ့နံနက်(၈)နာရီအချိန်ခန် ့တွင် ဟိုပင်မြိ့ု မြဇေယျာရပ်ကွက် စက်ကုန်းရပ်ကွက်နေ ဒေါ်အေးနွဲ ့သည် ဟိုပင်နယ်မြေရဲစခန်းသို ့ရောက်ရှိလာပြီး ၎င်း၏ခင်ပွန်းဖြစ်သူ ဦးဉာဏ်ထွန်းအားဓါးဖြင့်ခုတ်သည့် ဦးဘရန်ထွယ် အားအရေးယူပေးပါရန်အမှုဖွင့်လှစ်ခဲ့သည်။

ဒေါ်အေးနွဲ ့၏တိုင်ကြားချက်အရ သြဂုတ်လ(၁၄)ရက်နေ ့နေ ့လယ်(၂)နာရီအချိန်ခန် ့တွင် ဒေါ်အေးနွဲ ့၏ခင်ပွန်းဖြစ်သူ ဦးဉာဏ်ထွန်းသည် မိုးရွာသွန်းထားရာမှအိမ်ရှေ ့လမ်းမပေါ်တွင်ရေအိုင် ရေကွက်များဖြစ်နေသဖြင့်နေအိမ်ရှိသဲကျောက်များနှင့်လမ်းဖို ့ခဲ့ပြီးလမ်း၏ဘေးဘက်ရှိကမ်းပါးမြေအားတူး၍ဖို ့စဉ်အိမ်နီးချင်းဖြစ်သူ ဦးဘရန်ထွယ်မှ၎င်း၏ခြံဝင်းမြေများအားမတူးယူရန်တားမြစ်ခဲ့ပြီး မြဇေယျာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး စာရေး ဦးဖြူဝင်းနှင့်စက်ကုန်းရပ်ကွက်ဆယ်အိမ်မှူးဦးခေါင်စောင်းတို ့မှလည်းရောက်တားဆီးခဲ့သည်။

နောက်တစ်နေ ့သြဂုတ်လ(၁၅)ရက်နေ ့နံနက်(၅)နာရီခန့်တွင် ဦးဉာဏ်ထွန်းသည် ယမန်နေ့ကကိစ္စနှင့်ပတ်သက်ပြီး ဇနီးဖြစ်သူဒေါ်အေးနွဲ ့အားဆူပူ ဆဲဆို ကြိမ်းမောင်းလျက်ရှိစဉ် တစ်ဘက်အိမ်မှ ဦးဘရန်ထွယ်မှ ၎င်းအားစောင်းမြောင်းဆဲဆိုသည်ဟုယူဆကာ ဓါးကိုင်ဆောင်ပြီး”ဟေ့ကောင် မင်းငါ့ကိုဘာကောင်ထင်သလဲ မင်းသတ္တိရှိရင်ထွက်ခဲ့”ဟုစိန်ခေါ်ခဲ့သဖြင့် ဦးဉာဏ်ထွန်းမှခြံဝင်းတံခါးပေါက်ဖွင့်စဉ် ဦးဘရန်ထွယ်မှ ခြံဝင်းအတွင်းခြေ(၂)လှမ်းခန် ့ဝင်ပြီး ဦးဉာဏ်ထွန်းအားဓါးဖြင့်ခုတ်ခဲ့သည်။

ထိုသို ့ဓါးဖြင့်ခုတ်ခဲ့သဖြင့် ဦးဉာဏ်ထွန်း ၏ ဝဲဘက်နားရွက်အထက် ဦးခေါင်းဂျိုစောင်းတွင် ပြတ်ရှဒဏ်ရာတစ်ချက်ရရှိခဲ့သဖြင့် ဦးဉာဏ်ထွန်း အားဟိုပင်မြိ့ုပြည်သူ ့ဆေးရုံတွင်အတွင်းလူနာအဖြစ်တက်ရောက်ကသမှုခံယူလျက်ရှိပြီး ဦးဉာဏ်ထွန်း၏ဇနီး ဒေါ်အေးနွဲ ့မှတရားလိုပြုလုပ်၍ သြဂုတ်လ(၁၅)ရက်နေ ့ညနေ(၆)နာရီ(၅)မိနစ်အချိန်တွင်ဟိုပင်နယ်မြေရဲစခန်းတွင်အမှုဖွင့်လှစ်တိုင်ကြားခဲ့သည်။

ထို ့ကြောင့် ဦးဘရန်ထွယ်(၆၆)နှစ်(ဘ)ဦးဖေါ်ရန်မလစက်ကုန်းရပ်ကွက် မြဇေယျာရပ် ဟိုပင်မြို့ မိုးညှင်းမြို့နယ် နေထိုင်သူအား ဟိုပင်နယ်မြေရဲစခန်းမှ(ပ)၅၁/၂ဝပုဒ်မ ၃၂၄/၄၄၇ ဖြင့်အမှုရေးဖွင့်ထားခဲ့ကြောင်းသိရှိရပေသည်။

ထို ့အတူ ဦးမရန်ထွယ်မှလည်း ညနေ(၆)နာရီ(၁၅)မိနစ်အချိန်ခန် ့တွင် ဟိုပင်နယ်မြေရဲစခန်းသို ့လာရောက်၍၎င်းအား ဓါးဖြင့်ခုတ်သူ ဦးဉာဏ်ထွန်းအားအရေးယူပေးပါရန်အမှုဖွင့်တိုင်ကြားခဲ့သည်။

ဦးမရန်ထွယ်၏တိုင်ကြားချက်အရ သြဂုတ်လ(၁၄)ရက်နေ ့နေ ့လယ်(၂)နာရီအချိန်ခန် ့တွင်အိမ်နီးချင်းဖြစ်သူဦးဉာဏ်ထွန်းသည် ဦးမရန်ထွယ် ပိုင်နေအိမ်ခြံဝင်းကမ်းပါးမြေအားတူးယူပြီး ၎င်း၏နေအိမ်ရှေ ့လမ်းမအားမြေဖို ့ပြုပြင်နေပြီးဦးမရန်ထွယ်စိုက်ပျိုးထားသောအိမ်ခြံစည်းရိုးဝါးများအားဓါးဖြင့်ခုတ်နေသဖြင့် မြဇေယျာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ ့သို ့အကြောင်းကြားခဲ့ရာ မြဇေယျာ အုပ်ချုပ်ရေးမှူးရုံး စာရေး ဦးဖြူဝင်းနှင့်စက်ကုန်းရပ်ကွက် ဆယ်အိမ်မှူးဦးခေါင်စောင်းတို ့မှလာရောက်တားဆီးခဲ့သည်။

နောက်တစ်နေ ့သြဂုတ်လ(၁၅)ရက်နေ ့နံနက်(၅)နာရီ ခွဲအချိန်ခန် ့တွင်ဦးဉာဏ်ထွန်းသည် ၎င်း၏နေအိမ်ခြံဝင်းအတွင်းမှ ပုဆိုးမပါ ကိုယ်တုံးလုံးချွတ်လျက်”လီးဘဲ ငါလိုးမသား ဝါးရုံပင်ကိုချက်ချင်းခုတ်ပေး မခုတ်ပေးရင် ဝါးရုံပင်ကိုမီးရှို ့ပစ်မယ်”ဟုဆဲဆိုနေသဖြင့် ဦးမရန်ထွယ် မှမခံမရပ်နှိုင်ဖြစ်ကာ သတ္တိရှိရင်လမ်းဘက်ထွက်ခဲ့ ဟုပြောခဲ့ရာ ဦးဉာဏ်ထွန်းသည် ဓါးကိုင်ကာလမ်းဘက်သို ့ပြေးထွက်လာပြီး ဦးမရန်ထွယ်အား ဓါးဖြင့်ခုတ်ခဲ့သဖြင့် ဦးမရန်ထွယ်၏ ယာဘက်လက်ခလယ်တွင်ဓါးဒဏ်ရာ တစ်ချက်ရရှိပြီး ဝဲဘက်လက်ဖျံတွင်လည်း နာကျင်ဒဏ်ရာရရှိခဲ့သဖြင့် ဟိုပင်ပြည်သူ ့ဆေးရုံတွင် ပြင်ပလူနာအဖြစ်ဆေးကုသမှုခံယူခဲ့ပြီး ဟိုပင်နယ်မြေရဲစခန်းတွင်အမှုဖွင့်လှစ်တိုင်ကြားခဲ့သည်။

ထို ့ကြောင့် ဦးဉာဏ်ထွန်း(၄၃)နှစ်(ဘ)ဦးကြည်ဝင်းစက်ကုန်းရပ်ကွက် မြဇေယျာရပ် ဟိုပင်မြို့ မိုးညှင်းမြို့နယ်နေထိုင်သူအား ဟိုပင်နယ်မြေရဲစခန်းမှ(ပ)၅၂/၂ဝပုဒ်မ ၂၉၄/၃၂၄/၄၂၇ ဖြင့်အမှုရေးဖွင့်ထားခဲ့ကြောင်းသိရှိရသည်။

ဦးခင်မောင်ဦး(မိုးညှင်း) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here