Wifi Internet ကောက်ခံရငွေကျပ် (၆၈)သိန်းကျော်အား ကုမ္ပဏီသို့ မအပ်တဲ့ ဝန်ထမ်းတစ်ဦးအား စာရင်းကိုင်ဖြစ်သူမှ တိုင်ကြား

894

Wifi Internet ကောက်ခံရငွေကျပ် (၆၈)သိန်းကျော်အား ကုမ္ပဏီသို့ မအပ်တဲ့ ဝန်ထမ်းတစ်ဦးအား စာရင်းကိုင်ဖြစ်သူမှ တိုင်ကြား

ဇွန်(၁၃) AlinnMyay(အလင်းမြေ)

Mytel Wifi Internet သုံးစွဲသည့် အိမ်များမှ သုံးစွဲခ ကောက်ခံရငွေ ကျပ် ၆၈ သိန်း ကျော်အား အရောင်း ဝန်ထမ်းတစ်ဦးမှ ကုမ္ပဏီသို့ မအပ်သည့် ဖြစ်စဉ် တောင်ငူမြို့မှာ ဖြစ်သွားခဲ့သည်။

Mytel ဆက်သွယ်ရေး ကုမ္ပဏီစာရင်းကိုင်မှ Mytel ဆက်သွယ်ရေး အရောင်းဝန်ထမ်း တစ်ဦးအား Wifi Internet သုံးစွဲသူများထံမှ သုံးစွဲခ ကောက်ခံခိုင်းရာ ကောက်ခံရငွေ ကျပ် ၆၈ သိန်းအား ကုမ္မဏီသို့ ပြန်လည် မအပ်ဘဲ ကိုယ်ကျိုးအတွက် အသုံးပြုသည်ဟုဆိုကာ တိုင်ကြားခဲ့ကြောင်း တိုင်ကြားစာအရ သိရသည်။

Mytel ဆက်သွယ်ရေး Wifi Internet ကုမ္ပဏီပိုင်ငွေကျပ် (၆၈)သိန်းကျော်အား ကိုယ်ကျိုးအတွက် အသုံးပြုပြီး ကုမ္ပဏီသို့ မအပ်သည့် တောင်ငူမြို့နေသူ ဝန်ထမ်းအား (ပ)၂၇၆/၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ ၄၀၈ ဖြင့် ဒီကနေ့ ဇွန် ၁၃ ရက်နေ့ ညနေပိုင်းတွင် တောင်ငူမြို့ အမှတ် (၂)ရဲစခန်းတွင် ကုမ္ပဏီစာရင်းကိုင်ဖြစ်သူမှ တရားလိုလုပ် တိုင်တန်းထားကြောင်းသိရသည်။

နေလင်းအောင်(တောင်ငူ) #AlinnMyay(အလင်းမြေ)
#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here