စကားများရန်ဖြစ်ကြပြီးနောက် ဇနီးသည်သွားရာ လမ်းမှ စောင့်ဆိုင်းကာ ဓားမြှောင်ဖြင့်ထိုးသတ်မှုဖြစ်

999

စကားများရန်ဖြစ်ကြပြီးနောက် ဇနီးသည်သွားရာ လမ်းမှ စောင့်ဆိုင်းကာ ဓားမြှောင်ဖြင့်ထိုးသတ်မှုဖြစ်

သြဂုတ်(၂၄) AlinnMyay(အလင်းမြေ)

လင်မယားချင်း စကားများပြီးနောက် လင်းသားဖြစ်သူမှ ဇနီးသည် သွားလာလမ်းတွင် စောင့်ဆိုင်းကာ ဓားမြောင်ဖြင့် ထိုးသတ်ခဲ့သည့် ဖြစ်စဉ် ဒီကနေ့ သြဂုတ် ၂၄ ရက်နေ့ မနက်ပိုင်းက အုတ်တွင်းမြို့တွင် ဖြစ်သွားခဲ့ကြောင်းသိရသည် ။​

တောင်ငူခရိုင် ၊ အုတ်တွင်းမြို့ ၊ ကြက်သွန်ခင်း ၂ ရပ်ကွက် ကံလျှက်ဘုရားအနီး ၊ လက်စွပ်ကျကျေးရွာသွား လမ်းဘေးတွင် အဆိုပါ ဖြစ်စဉ် ဖြစ်ပွါးခဲ့ကြောင်း သိရသည် ။

မဇင်မာဦး ( ၃၁ )နှစ် ၊ လက်စွပ်ကျကျေးရွာနေသူသည် ခင်မွန်းဖြစ်သူ မောင်ဇော် ( ၃၅ )နှစ် ဆိုသူနှင့် အုတ်တွင်းမြို့ ကံလျှက် ဘုရားအနီးတွင်နေထိုင်ကြပြီး ယမန်နေ့က လင်မယားချင်း စကားများရန်ဖြစ်ခဲ့ကြပြီး ဒီကနေ့ ဇနီးဖြစ်သူ ရပ်ကွက်အတွင်းသို့ အလာ လမ်းတွင် စောင့်ဆိုင်းပြီး ဓားမြှောင်ဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းကဲ့သို့ ဓားဖြင့် ထိုးခဲ့ရာ မဇင်မာဦး၏ ဝဲဘက်ရင်အုံသို့ ထိုးသွင်းမိပြီး အဆိုပါ ဓားဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်းသိရသည်။
အဆိုပါဖြစ်စဉ် နှင့် ပတ်သက်ပြီး အုတ်တွင်းမြို့မရဲ့စခန်းတွင်း မောင်ဇော်အား အမှုရေးဖွင့် ဆောင်ရွက်ထားကြောင်း အဆိုပါ ရဲစခန်းမှ သိရသည်။

နေလင်းအောင်(တောင်ငူ) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here