ဆေးရုံဆင်းလူနာလိုက်ပို့တဲ့ လူများကို လူနာ၏ သားဖြစ်သူမှ ဓါးဖြင့်လိုက်ထိုးမှုဖြစ်

609

ဇွန်(၆) AlinnMyay(အလင်းမြေ)

မကွေးမြို့နယ်၊ ကြိုးကြာကန်ရွာတွင် ဆေးရုံဆင်းလူနာအား ​ရောင်​စုံ​မေတ္တာ လူမှုကူညီ​ရေးအသင်းမှ အသင်းကားဖြင့် လူနာအိမ်သို့ လိုက်လံပို့ဆောင်ကူညီခဲ့ရာ လူနာ၏ သားဖြစ်သူမှ လူနာတင်ယာဉ်ပေါ်ပါလာသူများကို ဓါးဖြင့်လိုက်လံထိုးမှုဖြစ်ပွားခဲ့ကြောင်း ​ရောင်​စုံ​မေတ္တာ လူမှုကူညီ​ရေးအသင်းမှ သိရသည်။

ဖြစ်စဉ်မှာ မ​ကွေးမြို့နယ်​၊ ကြိုးကြာကန်​ရွာသို့ ​ဆေးရုံဆင်​းလူနာအား ​ရောင်​စုံ​မေတ္တာ လူမှုကူညီ​ရေးအသင်းမှ အသင်းကားဖြင့် လူနားအားလိုက်ပို့ရာ လူနာအိမ်ရောက်ခါနီး ပေ ၂၀၀ ခန့်အကွာတွင် လူနာ၏ သားဖြစ်သူမှ ဓါးကိုင်ကာ လူနာတင်ယာဉ်အနားသို့ ရောက်လာပြီး ယာဉ်ပေါ်ပါလူများကို ဓါးဖြင့်လိုက်လံထိုးခဲ့ပြီး ယာဉ်ပေါ်တွင်လိုက်ပါလာသူများဖြစ်တဲ့ ယာဉ်အကူ၊ ယာဉ်မောင်း၊ ဦးလေးဖြစ်သူ၊ မိခင်ဖြစ်သူ နှင့် သမီးဖြစ်သူတို့ အားလုံး အသက်လုပြေးခဲ့ရကြောင်း ​ရောင်​စုံ​မေတ္တာ လူမှုကူညီ​ရေးအသင်းစာမျက်နှာတွင် ဖော်ပြထားပါတယ်။

လူနာမှ ဓါးကိုင်သောင်းကျန်းသူရဲ့ ဖခင်ဖြစ်ပြီး ကားတံခါး Lock ကျနေ၍ အသက်ဘေးမှ လွတ်မြောက်ခဲ့တယ်လို့လည်း ဆက်လက်ဖော်ပြထားပါတယ်။ ထို့နောက်တွင် ​ရောင်​စုံ​မေတ္တာ အသင်​းကားမှာ ဘေးမှန်​(​ရှေ့၊​နောက်​)၊ ​နောက်​မှန်​၊ ​ရှေ့ဘန်​ဘာ၊ ​ရှေ့ထိုင်​ခုံ၊ ဘယ်ခြမ်​း​ကားတာယာ (​ရှေ့၊​နောက်​ ၂ လုံး )အားလုံးကို ဓားနဲ့ထိုးပြီး ဖျက်​ဆီးခံခဲ့ရပါတယ်။

အဆိုပါဖြစ်စဉ်ဖြစ်ဖြစ်ချင်း ​ညောင်​ကန်​ရဲစခန်​းကို ဖုန်းဆက်​အကူညီ​တောင်​းကာ ဆက်​လက်​ပြီး တိုင်​းရဲမှူးကြီးဆီ ဖုန်​းဆက်​အကူညီ​တောင်​း၊ ဆက်​လက်​ပြီး အမှတ်​ ၁ စခန်​းကို ဆက်​လက်​အကူညီ​တောင်​းခံခဲ့ရပြီး၊ မ​ကွေးမြို့နယ်​မှူး ဦးမြင်​့လွင်​နှင်​့အတူ ၊​ညောင်​ကန်​ ရဲစခန်​းမှူးနှင် ​့ရဲတပ်​သားများ​ရောက်​ရှိလာကာ ဓါးကိုင်သောင်းကျန်သူတရားခံမှာ ချွန်​ထက်​​သော တုတ်​၊ ဓားများကိုင်​​ဆောင်​ထားပြီး အားလုံးကိုပြန်​လည်​ခုခံ​နေပါတယ်။ သမီးဖြစ်​သူ ၅ နှစ်​သမီး​လေးကိုလည်​း ​နောက်​​ကျောတွင်​ ပိုးထားသဖြင်​့ အရဲစွန့်ကာ ဝင်​​ရောက်​ဖမ်​းဆီးဖို့ရန်​ ​တော်​​တော်​​လေး အချိန်​​ပေးခဲ့ရပါတယ်​။

အဖမ်​းခံဖို့ စိတ်​ရှည်​ရှည်​​မေတ္တာရပ်​ခံခဲ့​ရခြင်​း၊ ​သေနတ်​ဖြင်​့ ပစ်​ခတ်​ ခြိမ်​း​ခြောက်​ခဲ့ရခြင်​း၊ ​နောက်​ဆုံးတွင်​ တရားခံ​နောက်​​ကျောတွင်​ ​ပိုးထား​သော သမီး​လေးအား အနုနည်​းသုံးပြီး ရ​အောင်​​ခေါ်ယူကာ တရားခံအား ဝင်​​ရောက်​လုံး​ထွေးဖမ်​းဆီးခဲ့ရတယ်လို့ သိရပါတယ်။ တရားခံမှ အနီးရှိအရာဝတ္ထုများဖြင်​့ ခုခံခဲ့သဖြင်​့ .မြို့နယ်​မှူး၊ စခန်းမှူးနှင်​့ ​ရဲတပ်​ဖွဲ့ဝင်​များ ထိခိုက်​ဒဏ်​ရာများ အနည်းငယ် ရရှိခဲ့တယ်လို့လည်း ​ရောင်​စုံ​မေတ္တာ လူမှုကူညီ​ရေးအသင်းမှ သိရပါတယ်။

အခုလို ဓါးကိုင်ပြီး ဓါးကိုင်ပြီး လိုက်ထိုးနေတဲ့လူတစ်ယောက်ကို ဓါးဖြင့်လိုက်အထိုးခံရတဲ့ ​ရောင်​စုံ​မေတ္တာ လူမှုကူညီ​ရေးအသင်းသားများကပဲ တရားခံကို သူတို့ ကိုယ်​ကိုယ်​တိုင်​ ပတ်​တီးစည်​းပြီး လိုအပ်​​သော ပြုစုမှုများပြုလုပ်​​၍ ​မေတ္တာတရားထားကာ မ​ကွေးတိုင်​းပြည်​သူ့​ဆေးရုံကြီးသို့ ​အသင်​းကား No.2 ဖြင်​့ ကူညီပို့​​ဆောင်​​ပေးခဲ့ရတယ်ဆို သိရပါတယ်။

​ဆေးရုံဆင်​း လူနာကိုလည်​း ​နေအိမ်​​ပေါ်ထိ​ရောက်​​​အောင်​ ​ရောင်​စုံ​မေတ္တာ လူမှုကူညီ​ရေးအသင်းမှ ညီအကို​အားလုံးက အစ၊အဆုံး ကူညီ​ပေးခဲ့ရကြောင်း သိရပါတယ်။

မြန်​မာနိုင်​ငံ လူမှုကယ်​ဆယ်​​ရေးအဖွဲ့၊ မ​ကွေးတိုင်​း​ဒေသကြီး၊မ​ကွေးမြို့၊ ​ရောင်​စုံ​မေတ္တာ လူမှုကူညီ​ရေးအသင်း။ (09 265 488 244)

Source – ​ရောင်​စုံ​မေတ္တာလူမှုကူညီ​ရေးအသင်း #AlinnMyay(အလင်းမြေ)
#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here