ခွေး အသတ်ခံရသည့်အတွက် ခွေးပိုင်ရှင်မှ အမှုဖွင့်

773

ခွေး အသတ်ခံရသည့်အတွက် ခွေးပိုင်ရှင်မှ အမှုဖွင့်

ဇွန်(၁၆) AlinnMyay(အလင်းမြေ)

ခွေး အသတ်ခံရသည့်အတွက် ခွေးပိုင်ရှင်မှ အမှုဖွင့်ခဲ့သည့် ဖြစ်စဉ် တောင်ငူမြို့နယ် ၊ ကျွန်းကြီးကျေးရွာတွင် မတ်လ ၁၃ရက်နေ့က ဖြစ်သွားခဲ့ကြောင်းသိရသည် ။

တောင်ငူမြို့နယ် ၊ ကျွန်းကြီးကျေးရွာ ဒေါ်သန်းရှိန် ပိုင်ဆိုင်သော အိမ်မွေးခွေးအား တစ်ဘက်ခြံနေ ဦးတုတ်ပိုင် ဆိုသူမှ ရိုက်သတ်ပြီး စစ်တောင်းမြစ်ထဲပစ်ချ လိုက်သောကြောင့် ခွေးပိုင်ရှင်မှ အမှုဖွင့်ဆိုခဲ့တာလည်းဖြစ်သည် ။

” ဖြစ်တာကတော့ကြာပါပြီ ၃ လပိုင်းထဲက သားချင်း တွေဖြစ်နေတော့ ခွေးအလျော်ပေးဖို့ ညှိနိုင်းနေကြတာနဲ့ကြာသွားတာပါ ပထမ ငွေကျပ် ရှစ်သောင်း နဲ့ သဘောတူလိုက်တယ် လျော်ပေးမည့်သူက ခြောက်သောင်း လောလောဆယ်ယူထားပါအုံး ပြီးမှ ကျန်တဲ့ နှစ်သောင်း ထပ်ပေးမယ်လို့ ပြောတာကို လက်မခံဘဲ အမှုဖွင့်ခဲ့တာပါဟု ” ရဲအရာရှိတစ်ဦးပြောသည် ။

အဆိုပါဖြစ်စဉ် နှင့် ပတ်သက်ပြီး ခွေးအားသတ်ပြီး စစ်တောင်းမြစ်ထဲ ပစ်ချလိုက်သည့် ဦးတုတ်ပိုင် အား အမှတ်( ၃ ) နယ်မြေ ရဲစခန်းတွင် တန်ဖိုးနည်း တိရိစ္ဆာန် ဥပဒေ ပုဒ်မ ၄၂၈ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရသည် ။

နေလင်းအောင်(တောင်ငူ) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here