ဆိုင်ကယ်တစ်စီးအားရပ်တန့်စစ်ဆေးရာ မူးယစ်ဆေးပြား၁၇၅ပြားဖမ်းဆီးရမိ

873

ဆိုင်ကယ်တစ်စီးအားရပ်တန့်စစ်ဆေးရာ မူးယစ်ဆေးပြား၁၇၅ပြားဖမ်းဆီးရမိ

မတ်(၂) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

တောင်ငူမြို့ ၊ အမှတ် ( ၁ ) ရပ်ကွက်၊ရွှေဂူကြီး ဘုရားရှေ့ ၊ ထီးလှိုင်လမ်းမပေါ်တွင် မူးယစ်ဆေးဝါးရောင်းချနေကြောင်း သတင်းအရ တာဝန်ရှိသူများသည် သက်သေများနှင့်အတူ စောင့်ဆိုင်းရှာဖွေခဲ့ကြကြောင်းသိရသည်။

ယင်းသို့စောင့်ဆိုင်း ရှာဖွေခဲ့ရာ ဧပြီ ၂ ရက် မွန်းလွဲ ၃ ခွဲဝန်းကျင်တွင် ထီးလှိုင်လမ်းမပေါ်တွင် အမြန်လမ်းဘက်မှ တောင်ငူဘက်သို့မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးအား ရပ်တန့်စေခဲ့ရာ အဆိုပါဆိုင်ကယ်မောင်းနှင်သူမှာ ထွက်ပြေးသွားပြီး ဆိုင်ကယ်နောက်တွင် လိုက်ပါလာသူ ဇော်ဇော်အောင်(ခ) ဇန်းလီ(၂၁)နှစ်၊ ရပ်ကွက်( ၂) တေဇာခင်ဦး( ၆ )လမ်းနေသူ အား ဖမ်းဆီးရမိခဲ်ကြောင်းသိရသည်။

ဇော်ဇော်အောင် (ခ) ဇန်းလီ အား ရှာဖွေခဲ့ ၄င်းဝတ်ဆင်ထားသည့် ဘောင်းဘီအိတ်ကပ်အတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ( ၁၇၅ )ပြားအား ရှာဖွေသိမ်းဆည်းမိခဲ့ကြောင်းသိရသည်။

ဇော်ဇော်အောင်( ခ) ဇန်းလီ၏ ထွက်ဆိုချက်အရ တောင်ငူမြို့ ၂ ရပ်ကွက် ၊ တေဇာခင်ဦး( ၆ )လမ်းနေ မနီထံမှ ဝယ်ယူခဲ့ကြောင်းသိရသဖြင့် မနီနေအိမ်အား ဆက်လက်ရှာဖွေရာ မူးယစ်ဆေးဝါး တစ်စုံတစ်ရာမတွေ့ရှိခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆိုင်ကယ်မောင်းပြေးသူ အမည်မသိနှင့် ဇော်ဇော်အောင်(ခ) ဇန်းလီ ၊ မနီတို့ ( ၃ )ဦးအား အမှတ် ၂ နယ်မြေရဲစခန်းတွင် မယ(ပ) ၅/၂၀၂၀ မူး/စိတ် ပုဒ်မ ၁၉ (က ) / ၂၀(က)/၂၁ တို့ဖြင့်အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

နေလင်းအောင်(တောင်ငူ) #AlinnMyay(အလင်းမြေ)
#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

(Zawgyi)

ဆိုင္ကယ္တစ္စီးအားရပ္တန္႔စစ္ေဆးရာ မူးယစ္ေဆးျပား၁၇၅ျပားဖမ္းဆီးရမိ

မတ္(၂) #AlinnMyay(အလင္းေျမ) #ျပည္သူ႔ကူညီေရး #ျပည္သူ႔အသံေဖာ္ေဆာင္ေရး #သတင္းမွန္မီဒီယာ

ေတာင္ငူၿမိဳ႕ ၊ အမွတ္ ( ၁ ) ရပ္ကြက္၊ေရႊဂူႀကီး ဘုရားေရွ႕ ၊ ထီးလွိုင္လမ္းမေပၚတြင္ မူးယစ္ေဆးဝါးေရာင္းခ်ေနေၾကာင္း သတင္းအရ တာဝန္ရွိသူမ်ားသည္ သက္ေသမ်ားႏွင့္အတူ ေစာင့္ဆိုင္းရွာေဖြခဲ့ၾကေၾကာင္းသိရသည္။

ယင္းသို႔ေစာင့္ဆိုင္း ရွာေဖြခဲ့ရာ ဧၿပီ ၂ ရက္ မြန္းလြဲ ၃ ခြဲဝန္းက်င္တြင္ ထီးလွိုင္လမ္းမေပၚတြင္ အျမန္လမ္းဘက္မွ ေတာင္ငူဘက္သို႔ေမာင္းႏွင္လာေသာ ဆိုင္ကယ္တစ္စီးအား ရပ္တန္႔ေစခဲ့ရာ အဆိုပါဆိုင္ကယ္ေမာင္းႏွင္သူမွာ ထြက္ေျပးသြားၿပီး ဆိုင္ကယ္ေနာက္တြင္ လိုက္ပါလာသူ ေဇာ္ေဇာ္ေအာင္(ခ) ဇန္းလီ(၂၁)ႏွစ္၊ ရပ္ကြက္( ၂) ေတဇာခင္ဦး( ၆ )လမ္းေနသူ အား ဖမ္းဆီးရမိခဲ္ေၾကာင္းသိရသည္။

ေဇာ္ေဇာ္ေအာင္ (ခ) ဇန္းလီ အား ရွာေဖြခဲ့ ၄င္းဝတ္ဆင္ထားသည့္ ေဘာင္းဘီအိတ္ကပ္အတြင္းမွ WY စာတန္းပါ စိတ္ႂကြ႐ူးသြပ္ေဆးျပား ( ၁၇၅ )ျပားအား ရွာေဖြသိမ္းဆည္းမိခဲ့ေၾကာင္းသိရသည္။

ေဇာ္ေဇာ္ေအာင္( ခ) ဇန္းလီ၏ ထြက္ဆိုခ်က္အရ ေတာင္ငူၿမိဳ႕ ၂ ရပ္ကြက္ ၊ ေတဇာခင္ဦး( ၆ )လမ္းေန မနီထံမွ ဝယ္ယူခဲ့ေၾကာင္းသိရသျဖင့္ မနီေနအိမ္အား ဆက္လက္ရွာေဖြရာ မူးယစ္ေဆးဝါး တစ္စုံတစ္ရာမေတြ႕ရွိခဲ့ေၾကာင္းသိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ဆိုင္ကယ္ေမာင္းေျပးသူ အမည္မသိႏွင့္ ေဇာ္ေဇာ္ေအာင္(ခ) ဇန္းလီ ၊ မနီတို႔ ( ၃ )ဦးအား အမွတ္ ၂ နယ္ေျမရဲစခန္းတြင္ မယ(ပ) ၅/၂၀၂၀ မူး/စိတ္ ပုဒ္မ ၁၉ (က ) / ၂၀(က)/၂၁ တို႔ျဖင့္အမႈဖြင့္အေရးယူထားေၾကာင္းသိရသည္။

ေနလင္းေအာင္(ေတာင္ငူ) #AlinnMyay(အလင္းေျမ)
#ျပည္သူ႔ကူညီေရး #ျပည္သူ႔အသံေဖာ္ေဆာင္ေရး #သတင္းမွန္မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here