စစ်ကိုင်းတိုင်းအတွင်း ရန်ပုံငွေဘတ်ဂျက်မလုံလောက်သောမြို့ငယ်လေး များကို တိုင်းအစိုးရကထောက်ပံ့

509

စစ်ကိုင်းတိုင်းအတွင်း ရန်ပုံငွေဘတ်ဂျက်မလုံလောက်သောမြို့ငယ်လေး များကို တိုင်းအစိုးရကထောက်ပံ့

သြဂုတ်(၁၂) AlinnMyay(အလင်းမြေ)

စစ်ကိုင်းတိုင်းအတွင်းရန်ပုံငွေဘတ်ဂျက်မလုံလောက်သောမြို့ငယ်လေးများကိုတိုင်းအစိုးရကထောက်ပံ့ပေးနေကြောင်းစစ်ကိုင်းတိုင်းအစိုးရစည်ပင်သာယာဝန်ကြီးဦးမြင့်ကြည်ထံမှသိရသည်။

“အစိုးရသစ်လက်ထက်မှာ ကိုယ့်တိုင်းကိုယ့်မြို့နယ်ဖွံ့ဖြိုးတိုးတက်မှုကိုကိုယ့်အစိုးရအဖွဲ့ကကြီးကြပ်လုပ်လုပ်ရမယ်ဆိုတဲ့မူနဲ့ဆောင်ရွက်နေပါတယ်။စစ်ကိုင်းတိုင်းကကျယ်ဝန်းတယ်။မြို့နယ်၃ရခု ရှိတယ်။တိုးတက်ဖို့လုပ်တယ်ဆိုတာ စည်ပင်သာယာဟာကိုယ့်မြို့ကိုယ့်ရွာရဲ့အခွန်ဘဏ္ဍာနဲ့ရပ်တည်တဲ့ဌာနဖြစ်တဲ့အတွက် အချို့မြို့နယ်လေးတွေမှာ အခွန်ဘဏ္ဍာနည်းတယ်။မုံရွာရွှေဘိုစစ်ကိုင်းလိုမြို့ကြီးတွေကထိုက်သင့်တဲ့မြို့တွင်းကတ္တရာလမ်းတွေ ရေမြောင်းတွေ ကိုလုပ်ပေးနိုင်တယ်ပေါ့။မြို့ငယ်လေးတွေအနေနဲ့ဘတ်ဂျက်ကမလုံလောက်တော့ တိုင်းအစိုးရကထောက်ပံ့တာနဲ့သွားရတာပေါ့။ဆိုလိုတာကမြို့လေးတွေမသာယာမလှပဘဲမြို့ကြီးတွေဘဲသာယာလှပနေမယ်ဆိုရင်စစ်ကိုင်းတိုင်းအတွက်ကတိုးတက်ဖွံ့ဖြိုးတယ်ပြောမရတဲ့အတွက် တစ်ပြေးညီဖြစ်အောင်လုပ်နေပါတယ်”ဟုဦးမြင့်ကြည်ကပြောသည်။စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်စည်ပင်သာယာရေးကော်မတီများအနေဖြင့်၂၀၁၉-၂၀၂ဝဘဏ္ဍာရေးနှစ်အတွင်းမြို့ပြနှင့်ကျေးလက်လမ်းများ မြို့ပြနှင့်ကျေးလက်တံတားများ မြို့ပြနှင့်ကျေးလက်ရေပေးရေးများကိုတစ်ပြေးညီဆောင်ရွက်နေကြောင်းသိရသည်။

“စစ်ကိုင်းတိုင်းထဲကမြို့နယ်စည်ပင်သာယာရေးကော်မတီတွေရဲ့၂၀၁၉-၂၀၂၀ ခုမှာ မြို့ပြလမ်း၅၂၄လမ်း ကျေးလက်လမ်း၄၂လမ်းဖော်ဆောင်နိုင် ခဲ့ပါတယ်။မြို့ပြတံတား၂၂၅စင်းနဲ့ကျေးလက်တံတား၁ဝစင်းကိုလည်းတည် ဆောက်ထားပါတယ်။ဒါ့အပြင်ရေပေးဝေရေးအနေနဲ့ မြို့ပြမှာ ၅၄ခု ကျေးလက်မှာက ၄ခုဖော်ဆောင်ထားပါတယ်။”ဟုစစ်ကိုင်းတိုင်စည်ပင် သာယာညွှန်ကြားရေးမှုးဦးသစ်ထူးမြင့်ကပြောသည်။ စစ်ကိုင်းတိုင်းရှိမြို့နယ်တိုင်းကို စက်ယန္တယား၃စီးဖြစ်သည့်ဘက်ဟိုး ထရပ်ကားနှင့်လမ်းကြိတ်စက်များကိုတိုင်းအစိုးရမှပံ့ပိုးပေးထားကြောင်းသိရသည်။

“စစ်ကိုင်းတိုင်းထဲမှာထူးခြားမှုတစ်ခုကလမ်းတံတားတွေနဲ့မြို့တွင်းလမ်းတွေကိုကတ္တရာလမ်းကအစ မိုးရေဒါဏ်ခံ ကွန်ကရစ်လမ်းတွေခင်းပေးနေရာမှာအစိုးရအဖွဲ့ကဘိလပ်မြေတွေပံ့ပိုးပေးနေပါတယ်။မြို့တွင်းမှာရှိတဲ့ ဘတ်ဂျက်မလုံလောက်တဲ့ရပ်ကွက်လမ်းတွေကို ပြည်သူထည့်ဝင်ငွေအပါအဝင်စည်ပင်သာယာကဘိလပ်မြေအိတ်တွေပံပိုးတာနဲ့လုပ်တာအများကြီးအောင်မြင်ပါတယ်။ဘယ်လောက်ထိအောင်မြင်သလဲဆိုရင် နောက်(၃)နှစ်(၄)နှစ်မှဘတ်ဂျက်ရမယ့်လမ်းတွေတောင် ပြီးအောင်ဆောင်ရွက်နိုင်ပါတယ်။မြို့တိုင်းရွာတိုင်းကလမ်းအားလုံးနီးပါးကောင်းလာတဲ့အပေါ်လွှတ်တော်ကိုယ်စားလှယ်တွေကလည်းအတော်သဘောကျကြတယ်”ဟုဝန်ကြီးဦးမြင့်ကြည်ကပြောသည်။

မျိုးဝင်းထွန်း (မုံရွာ) #AlinnMyay(အလင်းမြေ)
#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here