မိုးညှင်း ဒီဂရီကောလိပ်ရှိ အသုံးအဆောင်ပစ္စည်းများ ခိုးယူခံရ

530

မိုးညှင်းဒီဂရီကောလိပ်ရှိ အသုံးအဆောင်ပစ္စည်းများ ခိုးယူခံရ

သြဂုတ်(၂၄) AlinnMyay(အလင်းမြေ)

ကချင်ပြည်နယ် မိုးညှင်းမြို့ ရွာသစ်ကုန်းကျေးရွာအုပ်စု ထန်းတစ်ပင်ကျေးရွာရှိ မိုးညှင်းဒီဂရီကောလိပ်ကျောင်း စံပယ်ဆောင်အတွင်းထားရှိသော အသုံးအဆောင်ပစ္စည်း(၇)မျိုးခိုးယူခံရသဖြင့် မိုးညှင်းမြို့မရဲစခန်းမှာ အမှုဖွင့်လှစ်ထားကြောင်း သိရှိရသည်။

ဖြစ်ပွားပုံမှာ သြဂုတ်လ(၂၁)ရက်နေ့ ညနေ(၅)နာရီအချိန် ခန့်တွင်မိုးညှင်းဒီဂရီကောလိပ် စံပယ်ဆောင်မှအသုံးအဆောင်ပစ္စည်းများပျောက်ဆုံးနေကြောင်း သိရသဖြင့် တာဝန်ရှိသူများက စစ်ဆေးရာ စံပယ်အဆောင်ရှိ( ၄၀)လက်မအရွယ်ရှိSONY FLAT တီဗွီ(၁)လုံး(တန်ဘိုး ၃၅၀၀၀၀ ကျပ်)၊ Pro Audio တံဆိပ်ပါဆောင်းဘောက် နှင့်မိုက်တွဲလျက် (တန်ဘိုး၁ဝဝဝဝဝကျပ်)၊VIDA အမျိုးအစား မြက်ရိတ်စက်(၁)လုံး (တန် ဘိုး၁၂ဝဝဝဝကျပ်)၊ ထိုင်းနိုင်ငံထုတ် ဒယ်နီ (၁)လုံး(တန်ဘိုး၃ဝဝဝဝကျပ်)၊ Hair Dryer (၂)ခု (တန်ဘိုး၃ဝဝဝဝကျပ်)၊ လျှပ်စစ်ရေနွေးအိုး(၂)လုံး (တန်ဘိုး ၆၀၀၀၀)၊ လျှပ်စစ်ကြက်ဥပြုပ်အိုး(၂)လုံး (တန်ဘိုး၁၀၀၀၀)၊ စုစုပေါင်း အသုံးအဆောင်ပစ္စည်း(၇)မျိုးဖြစ်ပြီး တန်ဘိုးငွေ စုစုပေါင်း(၆၄၆၀၀၀) က်က်ရှိ ပစ္စည်းများ ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ယင်းအဆောင်ခန်းရှိ White Boardပေါ်တွင် “တောင်ပံဘာတယ်ဗျ ဆံဖိုးမရှိလို့ခိုးသွားတာပါဗျာခွင့်လွှတ်ပေးပါဗျာ”ဟူသောစာတန်းနှင့် “စံပယ်ဆောင်ခွင့်လွှတ်ပါဗျာ” ဟူသောစာသားများတွေ့ရှိရကြောင်း သိရသည်။

ထို့ကြောင့် မိုးညှင်းဒီဂရီကောလိပ် နယ်မြေအင်္ဂျင်နီယာဋ္ဌာနမှ ဒုတိယကြီးကြပ်ရေးမှုး ဦးစံကျော်ဟိန်းက တရားလိုပြုလုပ်၍ သြဂုတ်လ ၂၂ ရက်နေ့ညနေက အမှုဖွင့်လှစ်ခဲ့ရာ မိုးညှင်းမြို့မရဲစခန်းမှ (ပ)၁၁၂/၂၀၂၀ ပုဒ်မ ၃၈၀ ဖြင့်အမှုရေးဖွင့်ကာ ခိုးယူသွားသူကို အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် စုံစမ်းရှာဖွေလျက်ရှိကြောင်းသိရှိရသည်။

အဆိုပါမိုးညှင်းဒီဂရီကောလိပ်မှပစ္စည်းများပျောက်ဆုံးမှုအတွက် မိုးညှင်းမြိ့ုမရဲစခန်းမှနယ်ထိန်းအရာရှိ ဒုရဲအုပ်ကျော်မင်းနိုင်နှင့်တပ်ဖွဲ ့ဝင်များသည် သက်သေများဖြစ်သော ရွာသစ်ကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးကျော်ယုထန်းတစ်ပင်ကျေးရွာတာဝန်ခံဦးဝင်းနိုင် အာလဝီကုန်းရပ်ကွက်တာဝန်ခံဦးအောင်ဆန်းဦးတို ့နှင့်အတူတရားခံဖမ်းဆီးရမိရေးအတွက်စုံစမ်းရှာဖွေကြရာ အာလဝီကုန်းရပ်ကွက်နေ သန်းဦး ဆိုသူအားခေါ်ယူစစ်ဆေးခဲ့ရာ သန်းဦး မှ မိုးညှင်းဒီဂရီကောလိပ်မှပျောက်ဆုံးသွားသောပစ္စည်းများအားခိုးယူခဲ့ကြောင်းဝန်ခံကာ စက်သေခံပစ္စည်းများအားသက်သေများရှေ ့တွင်ပြန်လည်အပ်နှံခဲ့သဖြင့် ဒုရဲအုပ်ကျော်မင်းနိုင်မှဥပဒေနှင့်အညီသိမ်းဆည်းခဲ့သည်။

ထို ့ကြောင့် သန်းဦး(၃၀)နှစ်(ဘ)ဦးစံပွါး အာလဝီကုန်းရပ်ကွက် ရွာသစ်ကုန်းကျေးရွာအုပ်စု မိုးညှင်းမြိ့ုနေထိုင်သူအား ဥပဒေနှင့်အညီဖမ်းဆီးကာ ပမှုစစ်အဖြစ် ဒုရဲအုပ်ချစ်မင်းသူ မှစစ်ဆေးလျက်ရှိကြောင်းသိရှိရသည်။

ဦးခင်မောင်ဦး(မိုးညှင်း) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here