လွန်ခဲ့သော (၃)ရက်ခန့်က ဖျားနာခဲ့သော အမျိုးသားတစ်ဦး ငှက်ပျောခြံအတွင်းမှာ သေဆုံးနေ

538

လွန်ခဲ့သော (၃)ရက်ခန့်က ဖျားနာခဲ့သော အမျိုးသားတစ်ဦး ငှက်ပျောခြံအတွင်းမှာ သေဆုံးနေ

မိုးညှင်း/ဇူလိုင် (၁၆) AlinnMyay(အလင်းမြေ)

ကချင်ပြည်နယ် မိုးညှင်းမြိ့ုနယ် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာရှိ ငှက်ပျောခြံအတွင်းအလုပ်သမားတဲအတွင်း၌အမျိုးသားတစ်ဦးသေဆုံးနေသဖြင့်လုံးတုံနယ်မြေရဲစခန်းမှသေမှုသေခင်းရေးဖွင့်ထားခဲ့သည်။

ဖြစ်ပွါးပုံမှာ ဇူလိုင်လ(၁၅)ရက်နေ ့ညနေ(၆)နာရီခွဲအချိန်တွင် မိုင်းနောင်ကျေးရွာအနောက်ဖက်(၂)မိုင်ခန် ့အကွာ ကျောက်ဆင်ရုပ်တောင်အနီးရှိ ကိုနိုင်လင်း၏ငှက်ပျောခြံတွင် အလုပ်သမားတစ်ဦးသေဆုံးနေကြောင်းသတင်းရှိသဖြင့် လုံးတုံနယ်မြေရဲစခန်း ခေတ္တစခန်းမှူးရဲအုပ်မိုးကျော်အောင် ဒုရဲအုပ်လင်းလင်း တပ်ကြပ်အောင်ကျော်စိုးတို ့သည် သက်သေများဖြစ်သော မိုင်းနောင်ကျေးရွာအုပ်ချုပ်ရေးမှူးဦးစိုးမြင့် ဦးပြူးမောင်တို ့နှင့်အတူအခင်းဖြစ်နေရာသို ့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အခင်းဖြစ်နေရာ ကိုနိုင်လင်း၏ငှက်ပျောခြံ အလုပ်သမားများနေထိုင်သည့်တဲ့ထဲတွင် ကိုအောင်ဝင်း ဆိုသူသည် ၎င်း၏အိပ်ယာထက်၌ ပြင်ပဒဏ်ရာတစုံတရာမရှိဘဲပက်လက်အနေအထားသေဆုံးနေသဖြင့် စစ်ဆေးမေးမြန်းခဲ့ရာ သေဆုံးသူ ကိုအောင်ဝင်းသည် လွန်ခဲ့သော(၃)ရက်ခန် ့ကမှ ငှက်ပျောခြံသို ့ရောက်ရှိလာပြီး ဖျားနာနေသူတစ်ဦးဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် သေဆုံးသူ ကိုအောင်ဝင်း ၏အလောင်းအား ရဲဆေးစာဖြင့်နန် ့မွန်းတိုက်နယ်ဆေးရုံသို ့ပို ့ဆောင်သည်။

ထို ့နောက် ကိုအောင်ဝင်း(၄၃)နှစ်(ဘ)ဦးသိန်းမောင်နောင်ကပ်ပယ်ကျေးရွာ ပင်းမောင်ကျေးရွာအုပ်စု ပင်လယ်ဘူးမြိ့ုနယ် စစ်ကိုင်းတိုင်းဒေသကြီးနေထိုင်သူ သေဆုံးမှုအား လုံးတုံနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်( ၇/၂၀၂၀)ဖြင့်ရေးဖွင့်ထားခဲ့ကြောင်းသိရှိရသည်။

ဦးခင်မောင်ဦး(မိုးညှင်း) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here