”အောင်လံခိုင်ဖို့ မဲပေးစို့” နှင့် ”ဒီမိုကရေစီ မှန်ကန်ရေး NLD ကို ဒို့မဲပေး” ဟုသော ဆောင်ပုဒ်နှစ်ခုကို NLD အတည်ပြု

648

”အောင်လံခိုင်ဖို့ မဲပေးစို့” နှင့် ”ဒီမိုကရေစီ မှန်ကန်ရေး NLD ကို ဒို့မဲပေး” ဟုသော ဆောင်ပုဒ်နှစ်ခုကို NLD အတည်ပြု

သြဂုတ်(၂၄) AlinnMyay(အလင်းမြေ)

၂၀၂၀ ရွေးကောက်ပွဲ အတွက် NLD ပါတီ အသုံးပြုမည့် အောင်နိုင်ရေး ဆောင်ပုဒ် နှစ်ခုဖြစ်တဲ့ ”အောင်လံခိုင်ဖို့ မဲပေးစို့” နှင့် ”ဒီမိုကရေစီ မှန်ကန်ရေး NLD ကို ဒို့မဲပေး” ကို အတည်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။

”အောင်လံခိုင်ဖို့ မဲပေးစို့” နှင့် ”ဒီမိုကရေစီ မှန်ကန်ရေး NLD ကို ဒို့မဲပေး” ဟူသော ဆောင်ပုဒ် ၂ ခုကို ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီ၏ အောင်နိုင်ရေး ဆောင်ပုဒ်များ အဖြစ် ရွေးချယ်ပြီး မဲဆွယ် စည်းရုံးရေး လက်ကမ်း စာစောင် များနှင့် ဗွီနိုင်းပိုစတာများတွင် အသုံးပြုမည် ဖြစ်ကြောင်း NLD ပါတီ ဒုဥက္ကဌ ဒေါက်တာ ဇော်မြင့်မောင်က သြဂုတ်လ ၂၃ ရက်နေ့ နေပြည်တော် အမျိုးသား ဒီမိုကေရေစီ အဖွဲ့ချုပ် (ယာယီ ရုံးချုပ်)တွင် ကျင်းပသည့် NLD ဗဟို အလုပ်အမှုဆောင် အစည်းအဝေး အပြီးတွင် မီဒီယာများအား အတည်ပြု ပြောကြားခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ”ပြောင်းလဲချိန်တန်ပြီ” ဟူသော အောင်နိုင်ရေး ဆောင်ပုဒ်ကို သုံးစွဲခဲ့ပြီး NLD ပါတီ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ကြောင်း ယခုအချိန်တွင် ရရှိပြီးသား အနိုင်ကို ပိုပြီး ခိုင်မာစေဖို့ ရည်ရွယ်ပြီး ”အောင်လံခိုင်ဖို့ မဲပေးစို့” ဟူသော အောင်နိုင်ရေး ဆောင်ပုဒ်ကို ရွေးချယ်ခြင်း ဖြစ်ကြောင်း ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့နှင့်ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲအခမ်းအနားကို နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာအမှတ်(၂)တွင် သြဂုတ်လ ၂၃ ရက်နေ့က ကျင်းပခဲ့သည်။ အခမ်းအနားတွင် ဗဟိုအောင်နိုင်ရေးကော်မတီဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယဥက္ကဋ္ဌ(၁) ဦးဝင်းမြင့် နှင့် ဒုတိယဥက္ကဋ္ဌ(၂)ဒေါက်တာဇော်မြင့်မောင်တို့က အသီးသီးအမှာစကားပြောကြားခဲ့သည်။

မန္တလေးရင်ခတ်သံ၊ ဓာတ်ပုံ-NLD
#AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here