ဝါးရုံတောအတွင်းမှာ ဆာလာအိပ်ဖြင့်ထည့်ထားသော လက်နက်များတွေ့ရှိ

103

ဝါးရုံတောအတွင်းမှာ ဆာလာအိပ်ဖြင့်ထည့်ထားသော လက်နက်များတွေ့ရှိ

ဇွန်(၂၁) AlinnMyay(အလင်းမြေ)

တာချီလိတ်မြို့နယ်၊ ပါလကျေးရွာအနီး၌ လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဝက်ဆိုက်တွင် ၂၀၂၀ ခုနှစ် ဇွန်လ (၂၁)ရက်နေ့ ရက်စွဲဖြင့် ဖော်ပြထားသည်။

အဆိုပါဖောပြချက်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေ သော တပ်ဖွဲ့ဝင်များသည် ယနေ့မွန်းလွဲ ၃ နာရီခွဲခန့်တွင် တာချီလိတ်မြို့နယ်၊ ပါလကျေးရွာ၏ အရှေ့မြောက်ဘက်မီတာ ၆၀၀ ခန့်အကွာရှိ ဝါးရုံတောအတွင်းသို့ အရောက်၌ ဆာလာအိတ်တစ်လုံး တွေ့ရှိသဖြင့် စစ်ဆေးရာ ဆာလာအိတ်အတွင်းမှ ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ပွိုင့်-၂၂ ပြောင်းရှည်(စနိုက်ပါမှန်ပြောင်းပါ)သေနတ် ၁ လက်၊ လေသေနတ်ပြောင်းရှည် ၁ လက်၊ စနိုက်ပါမှန်ပြောင်း ၁ ခုတို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ သိမ်းဆည်းရမိ လက်နက်များကို သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည်ကြောင်း သတင်းရရှိသည်။

Source-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here