ဖဲရိုက်နေသော အမျိုးသမီး (၅)ဦးအား လောင်းကစားငွေ(၈၄၀၀)ကျပ် နှင့်အတူ ဖမ်းဆီးရမိ

291

ဖဲရိုက်နေသော အမျိုးသမီး (၅)ဦးအား လောင်းကစားငွေ(၈၄၀၀)ကျပ် နှင့်အတူ ဖမ်းဆီးရမိ

ဇွန်(၂၁) AlinnMyay(အလင်းမြေ)

ဖဲရိုက်လောင်းကစားပြုလုပ်နေသော အမျိုးသမီး ( ၅ )ဦးအား လောင်းကစားငွေ ( ၈၄၀၀ )ကျပ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည် ။

တောင်ငူခရိုင် ၊ ရေတာရှည်မြို့နယ် ၊ ဆွာမြို့ ၊ ရွှေကဇောင်းကျွေးရွာ မသန်းအေး၏ နေအိမ်အား ဖဲရိုက်လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ဇွန် ၂၁ ညနေပိုင်းတွင် သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့တာလည်း ဖြစ်သည် ။

ယင်းသို့ ရှာဖွေခဲ့ရာ မသန်းအေး၏ နေအိမ်အနောက်ဘက် နွားတင်းကုတ်အတွင်း ဖြာခင်းပြီး ဖဲရိုက်လောင်းကစားနေ​ကြသော မသန်းအေး ( ၄၆ )နှစ် ၊ မတင်ရီ ( ၄၈ )နှစ် ၊ မငြိမ်းငြိမ်းစံ ( ၂၅ )နှစ် ၊ မခင်မာဦး ( ၃၃ )နှစ်၊ မခက်ခက် ( ၂၉ )နှစ်တို့အား လောင်းကစားငွေစက္ကူရောရာ ( ၈၄၀၀) ကျပ် နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မှတ်တမ်းများအရ သိရသည် ။

ဖဲရိုက်လောင်းကစားပြုလုပ်နေကြသော မသန်းအေးပါ ( ၅ )ဦးအား ဆွာမြို့ နယ်မြေရဲစခန်းတွင် ( ပ )၈၇ /၂၀၂၀ လောင်းကစား ဥပဒေ ပုဒ်မ ၁၆ ( က )/၁၇ ( က )ဖြင့် အမှုဖွင့် အရေးယူထားကြောင်းသိရသည် ။

နေလင်းအောင်(တောင်ငူ) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here