မိန်းမလျာ စိတ်အား ပြုပြင်နေထိုင်ရန် ဖခင်မှဆုံးမသည်ကို စိတ်ဆိုးပြီး မိမိကိုယ် ကိုကြိုဆွဲချသေဆုံး

867

မိန်းမလျာ စိတ်အား ပြုပြင်နေထိုင်ရန် ဖခင်မှဆုံးမသည်ကို စိတ်ဆိုးပြီး မိမိကိုယ် ကိုကြိုဆွဲချသေဆုံး

ဇွန်(၂၁) AlinnMyay(အလင်းမြေ)

မိန်းမလျာစိတ်အား ပြုပြင်နေထိုင်ရန် ဖခင်ဖြစ်သူမှ ဆုံးမစကားပြောကြားသည်ကို စိတ်ဆိုးပြီး မိမိကိုယ် ကြိုးဆွဲချ သေဆုံးသွားခဲ့သည့် ဖြစ်စဉ် ယမန်နေ့ည ၁၁ နာရီအချိန်က အုတ်တွင်းမြို့နယ်တွင် ဖြစ်​ခဲ့ကြောင်းသိရသည်။

တောင်ငူခရိုင် ၊ အုတ်တွင်းမြို့ ၊ သာဂရကျေးရွာတွင် မောင် ———-အား ဖခင်ဖြစ်သူမှ ထိုနေ့ ည ၇ နာရီဝန်းကျင်တွင် မိန်းမလျာစိတ်ပေါက်သည့် ကိစ္စနှင့် ပတ်သက်ပြီး ပြုပြင်နေထိုင်ရန် ဆုံးမစကား ပြောဆိုခဲ့ပြီး ည ၁၁ နာရီကျော်အချိန်တွင် မောင် ———–မှ စိတ်ဆိုးပြီး မိမိကိုယ် ကြိုးဆွဲချ သေဆုံးခဲ့တာလည်းဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။

ဖခင်၏ ဆုံးမစကားအား စိတ်ဆိုးပြီး မောင် ————သည် ၄င်း၏ အိမ်အပေါ်ထပ် ထုတ်တန်းတွင် နိုင်လွန်ကြိုးအား အသုံးပြုကာ မိမိကိုယ် ကြိုးဆွဲချ သေဆုံးခဲ့တာလည်းဖြစ်သည်ဟု ဖခင်၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မောင်———-သေဆုံးခြင်းနှင့် ပတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် အုတ်တွင်းမြို့မ ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၉ /၂၀၂၀ ဖြင့် စစ်ဆေးဆောင်ရွက်ထားကြောင်းသိရသည်။

ဓာတ်ပုံ – ရင်ခုံသံ ရှင်ရေးကူညီမှုအသင်း

နေလင်းအောင်(တောင်ငူ) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here