အေအေ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များတိုက်ပွဲဖြစ်၊ အေအေဘက်မှ အလာင်းနှစ်လောင်းနှင် ့လက်နက်၊ကျည် အချို့သိမ်းစဆည်းရမိ

664

အေအေ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များတိုက်ပွဲဖြစ်၊ အေအေဘက်မှ အလာင်းနှစ်လောင်းနှင် လက်နက်၊ကျည် အချို့သိမ်းစဆည်းရမိ

ဇွန်(၂၀) AlinnMyay(အလင်းမြေ)

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များအား AA အကြမ်းဖက်သောင်းကျန်းသူများက နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဝက်ဆိုက်တွင် ၂၀၂၀ ခုနှစ် ဇွန်လ (၂၀)ရက်နေ့ ရက်စွဲဖြင့် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇွန် ၁၉ ရက် နံနက် ၅ နာရီခန့်တွင် ကျောက်ဆိပ်ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာသို့ အရောက်၌ AA အကြမ်းဖက်သောင်း ကျန်းသူများ က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက် ခဲ့ရာ အကြမ်းဖက် သောင်းကျန်းသူများ မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း၊

ဖြစ်စဉ်တွင် AA အကြမ်းဖက်သောင်းကျန်းသူများထံမှ ပြောက်ကျားယူနီဖောင်း ဝတ်ဆင်ထားသည့် အလောင်း ၁ လောင်း၊ အားကစား အင်္ကျီနှင့် ဘောင်းဘီဝတ်ဆင် ထားသည့် အလောင်း ၁ လောင်း၊M-22 သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၃ ခု၊ ၎င်းကျည် ၄၀ တောင့်၊M-22 သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ၎င်းကျည် ၃၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံးတို့ သိမ်းဆည်းရမိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ဒဏ်ရာ ရရှိခဲ့သည်။ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ကျေးရွာများအတွင်း အရပ်သားအသွင်ဖြင့် ရောနှောနေထိုင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ချောင်းမြောင်း ပစ်ခတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း နှင့် အဆိုပါဒေသ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ နယ်မြေလုံခြုံရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသတင်းဖော်ပြချက်တွင် ဖော်ပြထားကြောင်းသိရသည်။

Source-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here