အိမ်ငှါးနေထိုင်တဲ့ နေအိမ်တစ်အိမ်မှ လက်နက် ခဲယမ်းများ နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

175

အိမ်ငှါးနေထိုင်တဲ့ နေအိမ်တစ်အိမ်မှ လက်နက် ခဲယမ်းများ နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဇွန်(၂၀) AlinnMyay(အလင်းမြေ)

မူဆယ်မြို့နယ်၊ ကောင်းမှုတုံရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ လက်နက်/ ခဲယမ်းများ နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဝက်ဆိုက်တွင် ၂၀၂၀ ခုနှစ် ဇွန်လ (၂၀)ရက်နေ့ ရက်စွဲဖြင့် ဖော်ပြထားသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ ကောင်းမှုတုံရပ်ကွက်၊ ပန်လုံမိုင်ရပ်ရှိ နေအိမ်တစ်လုံးအား ယနေ့မွန်းလွဲ ၁ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရ ဝင်ရောက်ရှာဖွေရာ နေအိမ်၌ အိမ်ငှားနေထိုင်သူများဖြစ် သည့် ယောဟန်(ဘ)ဦးလဗျအောင် နှင့် ထွန်းလင်းအောင်(ဘ)ဦးမြင့် ဇော်တို့ ၂ ဦးအား တွေ့ရှိရပြီး ထွန်းလင်းအောင်၏ အိပ်ခန်းရှိ မီးခံသေတ္တာအတွင်းမှ ပစ္စတိုသေနတ် ၃ လက်၊ ၉ မမကျည် ၉ တောင့်၊ ၆ ဒသမ ၃၅ ကျည် ၅၄ တောင့်၊ ကတ်တမင်းအဖြူရောင်အမှုန့် ၃ ထုပ်(၆၅ ဂရမ်)ကို လည်းကောင်း၊ နေအိမ်မျက်နှာကျက်အတွင်းမှ အမ် ၂၂ သေနတ် ၃ လက်၊ ကျည်အိမ် ၉ ခု၊ လက်ပစ်ဗုံး ၅ လုံး၊ ၉ မမကျည် ၆ တောင့်၊ လမ်းလျှောက်စကား ပြောစက် ၃ လုံး၊ ICE အဖြူရောင် ပုံဆောင်ခဲ ၁ ကီလိုပါ ၁၂ ထုပ် (စုစုပေါင်း မူးယစ် ဆေးဝါးတန်ဖိုးငွေကျပ်သိန်း ၂၄၀၀ ကျော်)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သတင်းတွင်ပါရှိသည်။

အဆိုပါ လက်နက်/ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများ အား မူဆယ်မြို့မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

Source-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here