ကြွေအိုးတစ်လုံးဖြင့် မြေကျင်းတူးပြီး မြှုတ်နှံထားသော ဘိန်းဖြူများနှင့် မူးယစ်ဆေးဝါးများ

95

ကြွေအိုးတစ်လုံးဖြင့် မြေကျင်းတူးပြီး မြှုတ်နှံထားသော ဘိန်းဖြူများနှင့် မူးယစ်ဆေးဝါးများ

ဇွန်(၁၉) AlinnMyay(အလင်းမြေ)

ကြွေအိုးတစ်လုံးဖြင့် မြေကျင်းတူးပြီး မြှုတ်နှံထားသော ဘိန်းဖြူများနှင့် မူးယစ်ဆေးဝါးများ တွေ့ရှိသိမ်းဆည်းရမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဝက်ဆိုက်တွင် ၂၀၂၀ ခုနှစ် ဇွန်လ (၁၉)ရက်နေ့ ရက်စွဲဖြင့် ဖော်ပြထားသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက် နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁၀ နာရီခွဲခန့်တွင် ချာလူချိုင်းရွာပျက်နေရာ အနီးရှိ အဆောက်အဦးဟောင်းတစ်လုံးအား မသင်္ကာသဖြင့်စစ်ဆေးရှာဖွေရာ မြေကျင်းတူးပြီး ကြွအိုးတစ်လုံးဖြင့် မြှုပ်နှံထားသည့် ၈၈/၁ စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၄၄၀၀ ပြား၊ WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၁၀၀ ပြားနှင့် ဘိန်းဖြူ ၅၀ ဂရမ်ခန့်(စုစုပေါင်း မူးယစ်ဆေးဝါးများ၏ ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၁၀၀ ကျော်)ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား လောက်ကိုင်မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Source-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here