မြေကြီးအတွင်းမြှုပ်နှံထားသည့် စနိုက်ပါသေနတ် ၁ လက်အပါအဝင် လက်နက်၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

959

ပလတ်စတစ်အိတ်ဖြင့် ပတ်၍ မြေကြီးအတွင်းမြှုပ်နှံထားသည့် စနိုက်ပါသေနတ် ၁ လက်အပါအဝင် လက်နက်၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

ဇွန်(၁၉) AlinnMyay(အလင်းမြေ)

တာချီလိတ်မြို့နယ်၊ နားကျဲကျေးရွာအနီး လက်နက်၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဝက်ဆိုက်တွင် ၂၀၂၀ ခုနှစ် ဇွန်လ (၁၉)ရက်နေ့ ရက်စွဲဖြင့် ဖော်ပြထားသည်။

အဆိုပါ ဖော်ပြချက်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက် နေသော တပ်ဖွဲ့ဝင်များသည် ယနေ့ညနေ ၄ နာရီခွဲခန့်တွင် နားကျဲကျေးရွာ၏ အရှေ့ မြောက်ဘက်မီတာ ၈၀၀ ခန့်အကွာရှိ လျှိုတစ်ခုအနီးသို့အရောက်၌ ပလတ်စတစ်အိတ်ဖြင့် ပတ်၍ မြေကြီးအတွင်းမြှုပ်နှံထားသည့် အထုပ် ၁ ထုပ်အတွင်းမှ ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ပွိုင့်-၂၂ စနိုက်ပါသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ကျည်မျိုးစုံ ၄၄ တောင့်၊ တစ်လုံးထိုးသေနတ် ၁ လက်၊ ဝမ်ချက်စတာသေနတ် ၁ လက်၊ ပွိုင့်-၃၈ ငါးလုံးပြူးသေနတ် ၁ လက်၊ WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၇၀၀၀ ပြားနှင့် ဘိန်းဖြူ ၀ ဒသမ ၀၃ ကီလို ဂရမ်ခန့်၊ ဘိန်းမဲ ၁ ကီလိုဂရမ်ခန့်(စုစုပေါင်းမူးယစ်ဆေးဝါး များ၏ ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၁၂၀ ကျော်)ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း တွေ့ရသည်။

အဆိုပါ သိမ်းဆည်းရမိ လက်နက်၊ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများအား သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Source-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here