ဆိုင်ကယ်စီးလာတဲ့ လူသုံးဦးကို လူသုံးဦးမှ ဆိုင်ကယ်လုယက်မှုဖြစ်ပွား

211

ဆိုင်ကယ်စီးလာတဲ့ လူသုံးဦးကို လူသုံးဦးမှ ဆိုင်ကယ်လုယက်မှုဖြစ်ပွား

ဇွန်(၁၉) AlinnMyay(အလင်းမြေ)

ဆိုင်ကယ်စီးလာတဲ့ လူသုံးဦးကို အခြားလူသုံးဦးမှ ဆိုင်ကယ်လုယက်မှုဖြစ်ပွားပြီး လုယက်သူ တရားခံများကိုဖော်ထုတ်ဖမ်းစီးခဲ့ကြောင်း ပဲခူးတိုင်းရဲတပ်ဖွဲ့ စာမျက်နှာတွင် ဖော်ပြထားသည်။

ပေါင်းတည်မြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်းမပေါ် မကျည်းပင်ရွာထိပ်၌ အမျိုးသား (၃)ဦးအား ထိုးကြိတ်၍ ဓါးမြှောင်ဖြင့် ထိုးပြီး ဆိုင်ကယ် လုယူသွားသူ(၃)ဦးအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါသည်။

ဖြစ်စဉ်မှာ ၁၃-၆-၂၀၂၀ ရက်နေ့ ၂၃၅၀ အချိန်ခန့် ချစ်ရှိုင်း၊ အောင်စိုးပိုင်နှင့် မင်းသီဟ တို့(၃)ဦးသည် HONDA DREAM 125 ဆိုင်ကယ်ဖြင့် ပေါင်းတည်မြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်းမပေါ် မကျည်းပင် ရွာထိပ်၌ ရှိနေစဉ် အမည်မသိ အမျိုးသား(၃)ဦးသည် Luojia ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး HONDA DREAM 125 ဆိုင်ကယ်အား လုယူခဲ့၍ အပြန်အလှန် လုံးထွေးထိုးကြိတ်စဉ် ဓါးမြှောင်ဖြင့် ထိုးခဲ့သဖြင့် ချစ်ရှိုင်း နှင့် အောင်စိုးပိုင် တို့တွင် ဒဏ်ရာများရရှိခဲ့ပါသည်။ ထို့နောက် အဆိုပါ အမည်မသိ အမျိုးသား (၃)ဦး မှာ HONDA DREAM 125 ဆိုင်ကယ်အား ယူဆောင်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် ပေါင်းတည် မြို့မရဲစခန်းတွင် (ပ)၈၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂/၃၂၄ဖြင့် အမှုဖွင့်ထားရှိခဲ့ကြောင်း၊

အဆိုပါ အမှုမှ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် အထူးအမှုစစ်အဖွဲ့မှ စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူ အောင်အောင် (ခ) အာကာထွန်း၊ သားစိုး (ခ)ဇွဲမာန်ထွန်း နှင့် ထွဋ်ထွဋ် တို့ (၃)ဦးအနက် (၂)ဦးအား (၁၅-၆-၂၀၂၀)ရက်နေ့နှင့် ကျန် (၁)ဦးအား ၁၇-၆-၂၀၂၀ ရက်နေ့ (၀၈၃၀)အချိန် တို့တွင် ဖမ်းဆီးရမိခဲ့၍ ၎င်းတို့ (၃)ဦးအား အခြား ပြစ်မှုများ ကျူးလွန်ထားခြင်း ရှိ/မရှိ ထပ်မံစစ်ဆေးလျက်ရှိပြီး ဥပဒေနှင့်အညီ တရားစွဲတင်ပို့နိုင်ရေး စီစဉ် ဆောင်ရွက် လျက်ရှိကြောင်း ပဲခူးတိုင်းရဲတပ်ဖွဲ့ စာမျက်နှာတွင် ဖော်ပြထားသည်။

သတင်းဓာတ်ပုံ-ပဲခူးတိုင်းရဲတပ်ဖွဲ့ #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here