ရိက္ခာ၊ ဆက်ကြေးတာဝန်ခံသူ ၁ ဦးအား ဖမ်းဆီးရမိ

258

ရိက္ခာ၊ ဆက်ကြေးတာဝန်ခံသူ AA အဖွဲ့ဝင် ၁ ဦးအား ဖမ်းဆီးရမိ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဝက်ဆိုက်စာမျက်နှာတွင် ၂၀၂၀ ခုနှစ် ဇွန်လ (၁၈)ရက်နေ့ ရက်စွဲဖြင့် ဖော်ပြထားချက်များအရသိရသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင် များသည် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ ရိက္ခာ၊ ဆက်ကြေးတာဝန်ခံတစ်ဦး လှုပ်ရှားနေကြောင်း သတင်းအရ ဇွန် ၁၈ ရက် နေ့လယ် ၁ နာရီခွဲခန့်တွင် ချက်ပေါက် ကျေးရွာရှိ ဦးကျော်တင်အောင်(ဘ)ဦးငနီပု ၏နေအိမ်အား ကျေးရွာမှ ရပ်မိရပ်ဖများ နှင့်အတူ သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ ၎င်းအား နေအိမ်ရှိ ကွပ်ပျစ်ပေါ်တွင် အနက်ရောင် ပလပ်စတစ်အိတ်ဖြင့် ထုပ်ပိုးထားသည့် တရုတ်လက်ပစ်ဗုံး ၁ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊

ဖမ်းဆီးရမိသူအား စစ်ဆေးချက်အရ ၂၀၁၈ ခုနှစ်၊ မတ်လတွင် မအီမြို့၌ နေထိုင်သူ ဦးမောင်ကေးသည် AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့မှ အဖွဲ့ဝင် ၄ ဦးနှင့်အတူ ကျေးရွာသို့ ရောက်ရှိလာသဖြင့် ကျေးရွာအတွင်း ငွေကြေးနှင့် ဆန်များ ကောက်ခံပေးခဲ့ကြောင်း၊ ၎င်းအား ချက်ပေါက်ကျေးရွာ၊ တောင်ကြီးကျေးရွာနှင့် ခမောင်းတင်ကျေးရွာများမှ ငွေကြေး နှင့် ဆန်များ ကောက်ခံရန် တာဝန်ပေးအပ်ခဲ့ပြီး မအီဘက်သို့ ပြန်လည်ထွက်ခွာသွား ကြောင်း၊ ၎င်းအနေဖြင့် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ထံသို့ ၂၀၁၉ ခုနှစ်အထိ ၁ နှစ်လျှင် သုံးကြိမ်ခန့် ငွေနှင့်ဆန်များ ကောက်ခံပေးရကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန် ၁ ရက် နံနက် ၁၁ နာရီခန့်တွင် ကျေးရွာသို့ အရပ်ဝတ်များဖြင့် လူစိမ်း ၂၀ ဦး ရောက်ရှိလာပြီး ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် မအီဘက်သို့ ပြန်လည်ထွက်ခွာသွား ခဲ့ကြောင်း၊ ၎င်းတို့အထဲမှ အဖွဲ့ဝင် ၁ ဦးသည် ချက်ပေါက်ကျေးရွာမှ ကျော်လွင် ဆိုသူ၏ နေအိမ်တွင် ညအိပ်ကျန်ခဲ့ပြီး နောက်တစ်နေ့တွင် မအီဘက်သို့ ကျော်လွင် မှ ဆိုင်ကယ်ဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း၊ ကျော်လွင် သည် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ယခင်ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ကာ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ထံသို့ ထောက်ပံ့မှုများရှိခဲ့ကြောင်း၊ ယခုအခါ ပရိဘောဂလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း၊

အထက်ပါသိမ်းဆည်းရမိသော လက်ပစ်ဗုံးမှာ ကျော်လွင် ၏ လက်ပစ်ဗုံးဖြစ်ပြီး တပ်မတော်စစ်ကြောင်းများ ဝင်ရောက်စစ်ဆေးစဉ် ဖမ်းဆီးခံရမည်ကို ကြောက်လန့်၍ ကျော်တင်အောင် ၏ နေအိမ်တွင် လာရောက်သိုဝှက်ထားခဲ့ခြင်းဖြစ်ကြောင်း၊

အဆိုပါ ဖမ်းဆီးရမိ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏အမာခံ ၁ ဦးအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ မြို့မရဲစခန်းသို့ လွှဲပြောင်း အပ်နှံခဲ့ကြောင်း ဖော်ပြထားကြောင်း တွေ့ရရှိသည်။

Source-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here