မူးယစ်ဆေးဝါးများနှင့် လက်နက်၊ ခဲယမ်းများဖမ်းဆီးရမိ

740

မိုင်းတွမ်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးများနှင့် လက်နက်၊ ခဲယမ်းများဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဝက်ဆိုက်စာမျက်နှာတွင် ၂၀၂၀ ခုနှစ် ဇွန်လ (၁၈)ရက်နေ့ ရက်စွဲဖြင့် ဖော်ပြထားချက်များအရသိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတွမ်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇွန်လ ၁၈ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် ပူနားကိုကျေးရွာ၏ အရှေ့ မြောက်ဘက်မီတာ ၂၀၀၀ ခန့်အကွာရှိ တောင်ယာတဲဟောင်းအနီးသို့ အရောက်၌ ခြုံ အတွင်းဝှက်ထားသော ဆာလာအိတ် ၆ အိတ်နှင့် ရေခဲပုံး ၁ ပုံးအား တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ ပွိုင့်-၂၂ ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၄ တောင့်၊ ၎င်းကျည်အိမ် ၁ ခု၊ အမ်-၂၂ ကျည်အိမ် ၁ ခု၊ ၁၂ ဗို့ကျည်အိမ် ၁ ခု၊ ၁၂ ဗို့ကျည် ၄၆ တောင့်၊ အမ်-၂၂ ကျည် ၇၃ တောင့်၊ ၅ ဒသမ ၅၆ ကျည် ၄၃ တောင့်၊ WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၂၈၉၀၀၀ ပြား၊ စပွန်ဆာပုလင်း ၃၄ လုံးအတွင်းမှ ဘိန်းဖြူအမှုန့် ၀ ဒသမ ၃၅ ကီလိုဂရမ်၊ မျောက်တံဆိပ်ပါ အနံ့ဆေးရည်ပုလင်း ၂၀ လုံး(ခန့်မှန်း ၈ လီတာခန့်)၊ တံဆိပ်တုံးမျိုးစုံ ၃၇ ခုနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းအား သိမ်းဆည်း ရမိခဲ့ကြောင်း၊

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ၎င်းနေရာနှင့်အနီးတစ်ဝိုက်အား ထပ်မံရှာဖွေရာ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် တောင်ယာတဲ ၁ လုံးအား ထပ်မံတွေ့ရှိရပြီး ၎င်းတဲ၏ ဝါးကြမ်းခင်းအောက်၌ ဆာလာအိတ် ၁ အိတ်အတွင်းမှ ၁၂ ဗို့ကျည် ၂၃ တောင့်၊ ၅ ဒသမ ၅၆ ကျည် ၄၁ တောင့်၊ ၉ မမကျည် ၅၀ တောင့်၊WY စာတန်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀ ပြား၊WY စာတန်းပါအစိမ်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၅၅၀၀ ပြားတို့အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း၊

အဆိုပါ သိမ်းဆည်းရမိ ခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၅၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ လက်နက်၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Source-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here