၂လုံးထီ လောင်းကစားဒိုင်အား ငွေသား ၁၀၈၀၀ နဲ့အတူ ဖမ်းဆီးရမိ

933

၂လုံးထီ လောင်းကစားဒိုင်အား ငွေသား ၁၀၈၀၀ နဲ့အတူ ဖမ်းဆီးရမိ

ဇွန်(၁၈) AlinnMyay(အလင်းမြေ)

တောင်ငူမြို့ ၊ ကင်းဆိပ်ကျေးရွာအုပ်စု ၊ ဘော့နင်းကုန်း ကျေးရွာလမ်းပေါ်တွင် အမျိုးသမီး တစ်ဦး ၂လုံး ထီလောင်းကစား ဒိုင်အဖြစ်လိုက်လံ ရောင်းချ နေကြောင်း သတင်းအရ တာဝန်ရှိသူများသည် သက်သေများနှင့်အတူ သွားရောက် ဖမ်းဆီးခဲ့ကြတာလည်းဖြစ်သည် ။

ဒီကနေ့ ဇွန် ၁၈ မနက်ပိုင်းက ဘော့နင်းကုန်းကျေးရွာ ၊ ရွာလမ်းပေါ်တွင် တောင်ငူမြို့ ၊ ၁၂ ရပ်ကွက် ၊ ကျုံးပတ်လမ်းနေ မအေမီလတ် ( ၂၁ )နှစ်ဆိုသူ သည် တရားမဝင် ၂လုံးထီ ဒိုင်အဖြစ် လိုက်လံ ရောင်းချနေကြောင်းတွေ့ရှိခဲ့သောကြောင့် တာဝန်ရှိသူများမှ သက်သေများနှင့်အတူ ရှာဖွေခဲ့တာလည်းဖြစ်သည် ။

ယင်းသို့ ရှာဖွေခဲ့ရာ မအေမီလတ်၏ လက်ဝယ်တွင် ၂လုံးထီ ရောင်းချရာတွင် အသုံးပြုသော ကိန်းဂဏ္ဏန်းများရေးသားထားသည့် စာရွက် တစ်ချို့ နှင့် ငွေစက္ကူရောရာ ၁၀၈၀၀ ကျပ်တို့အား တွေ့ရှိ သိမ်းဆည်းခဲ့ကြောင်းသိရသည် ။

အဆိုပါ ဖြစ်စဉ် နှင့် ပတ်သက်ပြီး တရားမဝင် ၂လုံးထီ လောင်းကစာ ဒိုင်အဖြစ်လိုက်လံ ရောင်းချနေသော​ မအေမီလတ်အား တောင်ငူမြို့ အမှတ် ၂ နယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်းသိရသည် ။

နေလင်းအောင်(တောင်ငူ) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here