လိပ်ရှာဖွေသူ အမျိုးသားတစ်ဦး ဒေသန္တရမိုင်း နင်းမိပြီး သေဆုံး

742

ဒေသန္တရမိုင်း နင်းမိပြီး လိပ်ရှာဖွေသူ အမျိုးသားတစ်ဦး သေဆုံး

ဇွန်(၁၈) AlinnMyay(အလင်းမြေ)

ဒေသန္တရနင်းမိုင်း နင်းမိပြီး လိပ်ရှာဖွေသူ အမျိုးသားတစ်ဦးသေဆုံးခဲ့ရသည့် ဖြစ်စဉ် တောင်ငူခရိုင် ၊ ကျောက်ကြီးမြို့တွင် ဖြစ်သွားခဲ့ကြောင်းသိရသည် ။

သေဆုံးသူသည် ကျောက်ကြီးမြို့ ၊ ဆေးရုံလမ်း ၊ တောင်ငူတန်းရပ်ကွက် နေ ဦးအောင်ဇော်မင်း ( ၄၁ )နှစ် ဆိုသူဖြစ်ပြီး ကျောက်ကြီးမြို့ အရှေ့ဘက် (၃၅)မိုင်ခန့်အကွာ ကရင်ပြည်နယ် ဖာပွန်မြို့ အပိုင် ငှက်ပျောတောအကြားတွင် ဇွန် ၁၆ မနက် ၈ နာရီအချိန်က လိပ်ရှာဖွေရာမှ ဒေသန္တမိုင်းနင်းမိတာဖြစ်ကြောင်းလည်း မှတ်တမ်းများအရ သိရသည် ။

အဆိုပါ မိုင်းနင်း ပေါက်ကွဲမှုဒဏ်ကြောင့် ဦးခေါင်းနောက်စေ့ ပွင့်ထွက် ဒဏ်ရာ ၊ ယာဘက် လက်မောင်းပေါက်ပြဲဒဏ်ရာ များဖြင့် သေဆုံးခဲ့ခြင်းဖြစ် ပြီး အဆိုပါ ရုပ်အလောင်းသည် ဇွန် ၁၇ ရက် ယမန်နေ့က မှ ကျောက်ကြီးမြို့ ပြန်လည်သယ်ဆောင် ရောက်ရှိလာခြင်းဖြစ် ကြောင်း မှတ်တမ်းများအရ သိရသည် ။

အဆိုပါဖြစ်စဉ် နှင့်ပတ်သက်ပြီး ကျောက်ကြီး နယ်မြေရဲစခန်းတွင် ဥပဒေ နှင့် အညီ ဆက်လက် စစ်ဆေး ဆောင်ရွက်ထားကြောင်းသိရသည် ။

နေလင်းအောင်(တောင်ငူ) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here