ငါနင်နဲ့အတူ အငတ်ခံပြီး မနေနိုင်ဘူး၊ ကန်သင်းရိုးပေါ် မအိပ်နိူင်ဘူး”ဟု ပြောဆိုရာ လင်ဖြစ်သူမှ မယားဖြစ်သူကို သတ်မိ

1040

ငါနင်နဲ့အတူ အငတ်ခံပြီး မနေနိုင်ဘူး၊ ကန်သင်းရိုးပေါ် မအိပ်နိူင်ဘူး”ဟု ပြောဆိုရာ လင်ဖြစ်သူမှ မယားဖြစ်သူကို သတ်မိ

ဇွန်(၁၇) AlinnMyay(အလင်းမြေ)

ပဲခူးတိုင်းဒေသကြီး ပြန်တန်ဆာမြို့၊ သံတံတားကျေးရွာ အုပ်စု တွင်၂၀၂ဝဇွန်၁ရရက်ညနေပိုင်းက လူသတ်မှုဖြစ်ပွားကြောင်းပြွန်တန်ဆာနယ်မြေရဲစခန်းမှ သိရသည်။

အခင်းဖြစ်ရပ်သို့ ပြန်တန်ဆာနယ်‌မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်တင်ထွန်းဝင်းနှင့်အဖွဲ့သည်သက်သေများနှင့်အတူ သွား ရောက်စစ်ဆေးရာသေဆုံးသူမှာ မလဲ့လဲ့ဝင်း (၃၀)နှစ် (ဘ)ဦးသန်းထွန်း၊ ကဒါးကျေးရွာ ပြန်တန်ဆာမြို့နေသူဖြစ်ပြီး ၎င်းတွင် ဦးခေါင်းချိုင့် (၃)လက်မခန့်ရှိ ပြတ်ရှဒဏ်ရာ(၁)ချက်၊ ဦးခေါင်းနောက်စေ့ (၂)လက်မခန့်ရှိ ပြတ်ရှဒဏ်ရာ(၁)ချက် ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးနေပြီး ဖြစ်စဉ်အားမေးမြန်းရာ ဦးအောင်မျိုး သံတံတားကျေးရွာနေသူ၏ ပြောပြချက်အရ ၎င်း၏နေအိမ်တွင် လယ်စာရင်းဌါးအဖြစ် လာရောက်လုပ်ကိုင်နေသော ပြွန် တန်ဆာမြို့၊ ကဒါးကျေးရွာနေ မိုးကျော် နှင့်ဇနီးဖြစ်သူ လဲ့လဲ့ဝင်းတို့(၂)ဦးသည် လွန်ခဲ့သော (၁၅)ရက်ခန့်က စကားများရန်ဖြစ်ရာ မိုးကျော်မှ ဦးအောင်မျိုး၏ နေအိမ်မှ ထွက်သွားပြီးနောက် ၂၀၂၀ ဇွန် ၁ရရက် နေ့လည်၂နာရီဝန်းကျင် အချိန်ခန့်တွင်၎င်း၏ နေအိမ်သို့ ပြန်လည် ရောက်ရှိလာပြီးနောက် မိုးကျော်မှ လဲ့လဲ့ဝင်းအား အလုပ်မလုပ်တော့ရန် လာရောက်‌ ပြောဆိုခေါ်ဆောင်ရာ မလဲ့လဲ့ဝင်းနှင့် စကားများရန်ဖြစ်ပြီး မလဲ့လဲ့ဝင်းမှ “ငါနင်နဲ့အတူ အငတ်ခံပြီး မနေနိုင်ဘူး၊ ကန်သင်းရိုးပေါ် မအိပ်နိူင်ဘူး”ဟု ပြောဆိုရာ မိုးကျော်မှ ဒေါသမထိန်းနိုင်ဘဲ အနီးတွင်ရှိသော အရှည်(၃)ပေခန့်ရှိ သစ်သားရိုးတပ်ပေါက်တူးဖြင့် ခုတ်ခဲ့ရာ လဲ့လဲ့ဝင်းမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်းရဲစစ်ဆေးချက်အရသိရသည်။

သို့ဖြစ်ပါ၍ ဦးအောင်မျိုးမှ ၎င်း၏ အလုပ်သမားဖြစ်သူ လဲ့လဲ့ဝင်းအား သေဆုံးအောင်ပြုလုပ်သူ မိုးကျော်အား ဥပဒေအရ အရေးယူပေးပါရန် တရားလိုပြု လုပ်တိုင်တန်းလာသဖြင့် ပြွန်တန်ဆာနယ်မြေရဲစခန်းမှ(ပ)၆၀/၂၀၂၀ ရာဇသတ်သတ်ကြီးပုဒ်မ ၃၀၂ အရအမှုဖွင့်အရေး ယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

ကိုမျိုး(ညောင်လေးပင်) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here