မန္တလေးမြို့၌ ငွေကျပ်သိန်း (၃၀၀၀) ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

828

မန္တလေးမြို့၌ ငွေကျပ်သိန်း (၃၀၀၀) ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဇွန်(၁၇) AlinnMyay(အလင်းမြေ)

မန္တလေးတိုင်းဒေသကြီးအတွင်း လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာ ရပ်ကွက်ရှိ မဟာဝိဇိတာရာမ ကျောင်းတိုက်၊ နယ်ဦးကျောင်းဝန်းအတွင်းသို့ ဇွန် ၁၆ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် မူးယစ်ဆေးဝါးသတင်းအရ သွားရှောက်ရှာဖွေစစ်ဆေးရာ ကျောင်းဝန်းအတွင်းရပ်ထားသည့် Hijet အမျိုးအစား မော်တော်ယာဉ်အမှတ်၊ MDY 1K/ —- မော်တော်ယာဉ်၏နောက်ခန်း အတွင်းမှ ဘိန်းဖြူဆပ်ပြာခွက် ၁၁၀၀ ခွက်(၁၁ ကီလို)(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၂၀၀၀ ကျော်)နှင့်အတူ ဝင်းဗိုလ်(ဘ) ဦးထွန်းရှိန်နှင့် ခွန်ဌေး(ဘ) ဦးခွန်သိန်းတို့ ၂ ဦးအား တွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး စာမျက်နှာ ဖော်ပြချက်အရသိရသည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးမေးမြန်းချက်အရ မူးယစ်ဆေးဝါးများသည် အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ ၁၄ လမ်း၊ ၈၆/၈၇ လမ်းကြားရှိ စိုးပေနှင့် ညီများကားဝပ်ရှော့မှ ယူဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ပူးပေါင်းတပ်ဖွဲ့ဝင်များက ညနေ ၅ နာရီခွဲခန့်တွင် အဆိုပါဝပ်ရှော့သို့ သွားရောက်စစ်ဆေးရာ ဝပ်ရှော့ပိုင်ရှင်ဖြစ်သူ စိုးကျော်သူ(ဘ)ဦးခင်မောင်ကြည်အား တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း၊

စိုးကျော်သူအား စိစစ်မေးမြန်းမေးမြန်းချက်အရ မူးယစ်ဆေးဝါးများသည် အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်နေ ကျော်ဝေသက်(ဘ)ဦးစိုးမြင့်၏ ပစ္စည်း များဖြစ်ကြောင်းသိရှိရသဖြင့် ၎င်း၏နေအိမ်သို့သွားရောက်ရှာဖွေရာ ကျော်ဝေသက် မှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး မူးယစ်ဆေးဝါး ဆာလာအိတ် ၄ အိတ်ကို ၎င်း၏အစ်ကို ဝမ်းကွဲတော်စပ်သူ မျိုးသိန်း(ဘ)ဦးစု၏ နေအိမ်သို့ ရွှေ့ပြောင်းထားကြောင်းသိရှိရသဖြင့် သွားရောက်ရှာဖွေရာ မျိုးသိန်းကို ၎င်း၏နေအိမ်၌ ဖမ်းဆီးခဲ့ပြီး မျိုးသိန်း၏ပြောပြချက်အရ မူးယစ်ဆေးဝါးများကို ၎င်း၏တပည့်ဖြစ်သူ ဦးအောင်မင်း(ဘ)ဦးထွန်းအေးဖြင့် ဦးထွန်းဝေ ဝပ်ရှော့သို့ ပို့ဆောင်ထားကြောင်းသိရှိရသဖြင့် ၎င်းဝပ်ရှော့သို့ သွားရောက်စစ်ဆေးခဲ့ရာ Mark II ယာဉ်ပေါ်မှ ဆာလာအိတ် ၄ အိတ်ဖြင့်ထည့်ထားသည့် ဘိန်းဖြူဆပ်ပြာခွက် ၇၇၀ ခွက်(၇ ဒသမ ၇ ကီလို)(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၁၅၀၀ ကျော်)ကို ဦးအောင်မင်း နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းဖော်ပြထားသည်။

အဆိုပါ မူးယစ်ဆေးဝါးများ၊ မော်တော်ယာဉ်များနှင့်အတူ ဖမ်းဆီးရမိသူများအား ပြည်ကြီးတံခွန်မြို့နယ်ရှိ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျလွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Source – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး စာမျက်နှာ #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here