စကားများရန်ဖြစ်ဖူးသည့် ညီအား အစ်ကိုဖြစ်သူနှင့် ၎င်း၏သား၊ သမက်တို့မှ ဓားဖြင့်ခုတ်၍ သေဆုံးသွားခဲ့မှု

815

စကားများရန်ဖြစ်ဖူးသည့် ညီအား အစ်ကိုဖြစ်သူနှင့် ၎င်း၏သား၊ သမက်တို့မှ ဓားဖြင့်ခုတ်၍ သေဆုံးသွားခဲ့မှု

ဇွန်(၁၇) AlinnMyay(အလင်းမြေ)

စကားများရန်ဖြစ်ဖူးသည့် ညီဖြစ်သူအား အစ်ကိုဖြစ်သူနှင့် ၎င်း၏သား၊ သမက်တို့မှ ဓားဖြင့်ခုတ်၍ သေဆုံးသွားခဲ့မှုမှ ထွက်ပြေးတိမ်းရှောင်သူများအား အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေး ရဲသတင်းစာမျက်နှာတွင်ဖော်ပြထားချက်များအရသိရသည်။

ဖြစ်စဉ်မှာ ၁၅-၆-၂၀၂၀ ရက်နေ့ နံနက် ၈ နာရီ အချိန် ရမည်းသင်းမြို့နယ်၊ မြင်းခြံကျေးရွာအနီးတွင် ဓါးခုတ်မှုဖြစ်ပွားကြောင်း သတင်းအရ ရမည်းသင်းမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရွာတန်း နယ်မြေရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စုံစမ်းစစ်ဆေးရာ ကိုနေဆန်း ၂၆ နှစ်၊ မြောက်မီးကုန်းကျေးရွာ၊ ရမည်းသင်း မြို့နယ် နေသူ မောင်းနှင်ကာ တစ်ရွာတည်းနေ ယောက္ခမ ဖြစ်သူ ဦးခင်စိုး ၄၆ နှစ် မှနောက်မှလိုက်ပြီး မြောက်မီးကုန်းကျေးရွာမှ ရမည်းသင်းမြို့နယ်တရားရုံးသို့ ဆိုင်ကယ်ဖြင့်ထွက်လာခဲ့ကြောင်း၊

နံနက် ၈ နာရီအချိန် ရမည်းသင်းမြို့နယ်၊ မြင်းခြံကျေးရွာအရောက် ယခင်ကလူမှုရေးကိစ္စများဖြင့် မကြာခဏစကားများဖူးသူ တစ်ရွာတည်းနေ ဦးခင်စိုး၏ အစ်ကိုဖြစ်သူ သိန်းစိုး(၅၂)နှစ်၊ ၎င်း၏ သားဖြစ်သူ ကိုရဲ(ခ)ကိုပု(၂၆) နှစ်နှင့် သမက်ဖြစ်သူ ဇော်မင်းဆန်း(၂၈)နှစ် တို့ ၃ ဦး မှာ ဆိုင်ကယ် ၂ စီးဖြင့် နောက်မှ လိုက်လာပြီး ကိုရဲ(ခ) ကိုပုမှ အသင့်ပါလာသော အရိုးအသွား (၂၁)လက်မခန့်ရှိ ဓားရှည်ဖြင့် ဦးခင်စိုးအား လှမ်းခုတ်ရာ ဦးခင်စိုး၏ ဂုတ်ပိုးပြတ်ရှဒဏ်ရာရရှိခဲ့ ကြောင်း၊ ဆိုင်ကယ်လဲကျသွားစဉ် ဦးခင်စိုးမှ ထွက်ပြေးရာ သိန်းစိုး၊ ဇော်မင်းဆန်းနှင့် ကိုရဲ(ခ)ကိုပု တို့ ၃ ဦးမှ ဓားရှည်များဖြင့် ထပ်မံလိုက်ခုတ်နေ၍ ကိုနေဆန်းမှ တားမြစ်စဉ် ဓားရှည်ဖြင့်ခုတ်၍ ကိုနေဆန်း၏ ယာလက်ဖျံတွင် ပြတ်ရှဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ)၊ ဦးခင်စိုးတွင် ဦးခေါင်း၊ နားရွက်၊ လည်ဂုတ်ပိုး၊ ပုခုံးတို့တွင်ပြတ်ရှဒဏ်ရာများ၊ ယာလက်မောင်းရင်းပြတ်ရှ၊ ဝဲလက်ကောက်ဝတ် ပြတ်ထွက်ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ရွာတန်းနယ်မြေရဲစခန်း (ပ)၅၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၄/၁၁၄ အရ အမှုဖွင့်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း၊

ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်သူများအား ဖမ်းဆီးရမိရေး ရမည်းသင်း မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရွာတန်းနယ်မြေရဲစခန်းမှ ရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ သက်သေများနှင့်အတူ လိုက်လံစုံစမ်းဆောင်ရွက်ခဲ့ရာ နံနက် ၉ နာရီ ၀၅ အချိန်တွင် သိန်းစိုးအား လွစင်ကျေးရွာ အဝင်လမ်းတွင်လည်းကောင်း၊ နံနက် ၁၀ နာရီ ၄၅ အချိန်တွင် ကိုရဲ(ခ)ကိုပု အား သက်သေခံ ဓါးနှင့်ဆိုင်ကယ်နှင့်အတူ ပျော်ဘွယ်မြို့နယ်၊ ဗောဓိကုန်းကျေးရွာအုပ်စု၊ ထယ်အင်းကျေးရွာ ရွာလယ်လမ်းမတွင်လည်းကောင်း၊ နံနက် ၁၁ နာရီခွဲအချိန်တွင် ဇော်မင်းဆန်း အား ပျော်ဘွယ်မြို့နယ်၊ ဗောဓိကုန်းကျေးရွာအုပ်စု၊ ထယ်အင်းကျေးရွာအတွင်းတွင်လည်းကောင်း ထွက်ပြေးတိမ်းရှောင်စဉ် ဖမ်းဆီးရမိခဲ့သဖြင့် အမှုဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။

Source – Police(MDY) #AlinnMyay(အလင်းမြေ)
#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here