လေသေနတ်နဲ့ ကျီးကန်းကို ပစ်ရာမှ ၃နှစ် အရွယ် ကလေးငယ်တစ်ဦး၏ ရင်ညွှန့်အောက်ကို ထိမှန်ဖောက်ဝင်

1129

လေသေနတ်နဲ့ ကျီးကန်းကို ပစ်ရာမှ ၃နှစ် အရွယ် ကလေးငယ်တစ်ဦး၏ ရင်ညွှန့်အောက်ကို ထိမှန်ဖောက်ဝင်

ဇွန်(၁၇) AlinnMyay(အလင်းမြေ)

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့ ရုံးရပ်တောင်ပိုင်း ရပ်ကွက်အတွင်းပိုင်းတွင် နေအိမ်ရှေ့ ကန္တာရပင်ပေါ်က ကျီးကန်းကို လေသေနတ်ဖြင့် ပစ်ခတ်ရာ အိမ်နီးနားချင်း အိမ်မှ ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးအား အဆိုပါပစ်ခတ်သော လေသေနတ်ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၀ ခုနှစ် ဇွန်လ (၁၅) ရက်နေ့က မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့ ရုံးရပ်တောင်ပိုင်း ရပ်ကွက်နေ သန်းစိုးအောင်သည် သူငယ်ချင်ဖြစ်သူ နေရဲလင်း၏ ဆောက်လက်စနေအိမ်အား ဝါးကြမ်းခင်းနေစဉ် နေရဲလင်း၏ အိမ်ရှေ့ ကန္တာရပင်ပေါ်မှ ကျီးကန်းကို ပစ်ခတ်ရန် ၄င်းပိုင်ဆိုင်သော လေသေနတ်အားယူဆောင်၍ ပစ်ခတ်ခဲ့ရာ ဝါးကြမ်းခင်းနေသည့် နေအိမ်နှင့် အိမ်နီးချင်းဖြစ်သူ အမျိုး၏ပေါင်ပေါ်တွင် ထိုင်လျှက် ဖုန်းဆော့နေသော ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး၏ ဝဲဘက်ရင်ညွန့်အောက်တွင် ဖောက်ဝင်ဒဏ်ရာ(၁)ချက် ထိမှန်ခဲ့ကာ မင်းဘူးဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ရကြောင်း ရဲမှတ်တမ်းများ သိရသည်။

တရားမဝင်လေသေနတ်အသုံးပြုရာက ကလေးငယ်ကို သေစေနိုင်အောင်အထိ ထိခိုက်ဒဏ်ရာရရှိစေခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဦးသန်းစိုးအောင် ၃၁နှစ်ကို မင်းလှမြို့မရဲစခန်းက ပအမှတ်(ပ)၂၂၇/၂၀၂၀၊ ရာဇသတ် ကြီး ပုဒ်မ ၃၃၈ဖြင့်လည်းကောင်း၊ ပအမှတ်(ပ) ၂၂၈/၂၀၂၀ လက်နက်ဥပဒေ ၁၉(စ)ဖြင့် အမှုရေးဖွင့်ထား ကြောင်း သိရသည်။

တိုးတက်(မကွေး) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here