ဧည့်သည်အဖြစ်ရောက်ရှိသူမှ အိမ်ရှင်၏ မြေးဖြစ်သူအား အဓမ္မပြုကျင့်

713

ဧည့်သည်အဖြစ်ရောက်ရှိသူမှ အိမ်ရှင်၏ မြေးဖြစ်သူအား အဓမ္မပြုကျင့်

ဇွန်(၁၆) AlinnMyay(အလင်းမြေ)

ဧည့်သည်အဖြစ်ရောက်နေသည့် အမျိုးသားတစ်ဥှီးမှ အိမ်ရှင်၏ မြေးဖြစ်သူအား ဆိုင်ကယ်ဖြင့် တင်ခေါ်သွားကာ အဓမ္မပြုကျင့် ခဲ့သည့်ဖြစ်စဉ် တောင်ငူမြို့နယ် တွင် ဇွန် ၁၅ ရက် မွန်းလွဲ ၂ နာရီအချိန်တွင် ဖြစ်သွားခဲ့သည် ။

တောင်ငူမြို့ ၊ ပေါက်တောကျေးရွာ ဦး———-၏နေအိမ်သို့ ပေါင်းလောင်တိန်ကျေးရွာနေ အောင်သူ ( ၂၃ )နှစ်( လူအို ) ဆိုသူမှ ညအိပ် ဧည့်သည်အဖြစ်ရောက်ရှိနေပြီး ၊ ဦး———-နှင့် အတူနေထိုင်သော မြေးဖြစ်သူ မ————( ၁၅ )နှစ် မှာ အလုပ်အကိုင်ရှာဖွေရန်အတွက် တောင်ငူမြို့ မိုင်တာကွင်းအနီး စတိုးဆိုင်သို့ သွားရောက် အလုပ် စုံစမ်းလိုကြောင်းသိရသည် ။

အလုပ်စုံစမ်းရန်အတွက် သွားရောက်လိုသော မ ———အား အောင်သူ ( လူအို ) မှ ဆိုင်ကယ်ဖြင့် လိုက်ပို့ပေးမည်ပြောပြီး စတိုးဆိုင်သို့ မပို့ဘဲ ၁၃ မိုင် ဘက် လူမနေသည့် တဲသို့ ခေါ်ဆောင်ကာ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း တိုင်ကြားစာအရ သိရသည် ။

အဆိုပါဖြစ်စဉ် နှင့်ပတ်သက်ပြီး မိဘအုပ်ထိန်းမှုအောက်တွင်ရှိသော အမျိုးသမီးငယ်တစ်ဦးအား ခေါ်ဆောင်ကာ သားမယားအဖြစ်ပြုကျင့်ခဲ့သော​ အောင်သူ ( ၂၃ )နှစ်အား တောင်ငူမြို့မရဲစခန်းတွင် ( ပ )၃၃၇/၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/ ၃၆၃ ဖြင့်အမှုဖွင့် ဆောင်ရွက်ထားကြောင်းသိရသည် ။

နေလင်းအောင်(တောင်ငူ) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here